ရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ဖို့ အချိန်ဆွဲထား

ဓာတ်ပုံ မူပိုင် Reuters
Image caption မွတ်ဆလင် ညီနောင် ကိုယ်စားလှယ် Mohammed Mursi

အီဂျစ်နိုင်ငံမှာ မွတ်ဆလင် ညီနောင်များ အဖွဲ့က ကိုယ်စားလှယ် မိုဟာမက် မူအာဆီနဲ့ ဝန်ကြီးချုပ်ဟောင်း အာမက် ရှာဖစ်တို့ရဲ့ သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေ ထုတ်ပြန်ဖို့ ကော်မရှင်က ရွေ့ဆိုင်းလိုက်ပါတယ်။

တကယ်တော့ ဒီနေ့ ကြာသပတေးနေ့မှာ ထုတ်ပြန်ရမှာ ဖြစ်ပေမယ့် ပြိုင်ဖက် ကိုယ်စားလှယ်တွေကြား ရာထောင်ချီတဲ့ တိုင်တန်းမှုတွေ ရှိနေတာကြောင့် ပြန်သုံးသပ်ဖို့ အချိန်ပိုယူရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဆိုပါတယ်။

ကိုယ်စားလှယ် နှစ်ယောက်လုံးက ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ အပြိုင် ကြေညာနေပါတယ်။

တချိန်တည်းမှာ သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ ကျန်းမာရေး အခြေအနေ အသည်းအသန် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ခဲ့ပြီး အခုတော့ ပြန်သက်သာ လာပြီလို့ ဆိုပါတယ်။