ဂရိမှာ အစိုးရ ဖွဲ့နိုင်ပြီ

  • 20 ဇွန် 2012
Antonis Samaras ဓာတ်ပုံ မူပိုင် AFP
Image caption ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ သုံးရက်ကြာ ဆွေးနွေး ခဲ့ရ

ဂရိ နိုင်ငံမှာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး အတွက် သဘော တူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ရွေးကောက်ပွဲမှာ ပွတ်ကာ သီကာ အနိုင်ရခဲ့တဲ့ ဗဟို လင်္ကျာ ယိမ်း ဒီမိုကရေစီ ပါတီသစ် (New Democracy Party) ခေါင်းဆောင် အန်တိုနီးစ် ဆမ်းမရပ်စ်(Antonis Samaras) ဟာ ဝန်ကြီးချုပ် အဖြစ် ဒီကနေ့ပဲ ကျမ်း သစ္စာ ကျိန်ဆို လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။

သူ့ရဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ ဂရိ ဆိုရှယ်လစ် ပါတီ ပါဆော့ခ် (PASOK) နဲ့ ပိုမို သေးငယ်တဲ့ လက်ဝဲယိမ်း ဒီမိုကရက်တစ် ပါတီ တို့ ပါဝင် ပါတယ်။

ဂရိ နိုင်ငံက ဆိုရှယ်လစ် ပါတီ ခေါင်းဆောင် အယ်ဗန်း ဂလော့စ် ဗီယန်နီဇဲလော့စ်(Evangelos Venizelos) ကတော့ နိုင်ငံ တကာရဲ့ ငွေကြေး ဆိုင်ရာ ထောက်ပံ့ ကျားကန် ပေးမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်း တွေကို စေ့စပ် ညှိနှိုင်းရေးက ပထမဆုံး အကြိတ် အနယ် ဆွေးနွေး မှုပဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ဂရိ နိုင်ငံမှာ နိုင်ငံရေး မတည် မငြိမ်မှုတွေက ယူရို ငွေရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သံသယတွေ တိုးပွား စေခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ