ကန်စီးပွားရေး ဆုတ်ယုတ် ကျဆင်း

  • 21 ဇွန် 2012
ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် ဗဟိုဘဏ် ဥက္ကဌ Ben Bernanke

အမေရိကန် စီးပွားရေး ဆုတ်ယုတ် လာနေတဲ့ အတွက် ဒီနှစ်အတွက် တိုးတက်နှုန်း ခန့်မှန်းချက်ကို ဗဟိုဘဏ်က လျှော့ချလိုက်ပါတယ်။

စီးပွားရေးက ဆက်လက် အသင့်အတင့် တိုးတက်မှု ရှိနေပေမယ့် ဥရောပက ဘဏ္ဍာရေး အကြပ်အတည်းကြောင့် တိုင်းပြည် စီးပွားရေးဟာ ထူးခြားတဲ့ အန္တရယ်တွေနဲ့ ရင်ဆိုင် နေရတယ်လို့ ဆိုပြီး စီးပွားရေး တိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၂.၉ ကနေ ၂.၄ အထိ လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

ကာလရှည် ငွေတိုက် စာချုပ်တွေကို ရေတို စာချုပ်တွေနဲ့ အစားထိုးပြီး ရေရှည် အတိုးနှုန်းလျှော့ကာ ငွေဖြုန်းအား ပိုကောင်းလာအောင် လုပ်ဆောင်တဲ့ အစီအစဉ်ကို ဆက်လုပ်ခဲ့တယ် လို့လည်း ဗဟိုဘဏ်ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။

စီးပွားရေး အားကောင်းလာဖို့ ဆိုရင် လိုအပ်ချက် မှန်သမျှကို ဖြည့်စွမ်း လုပ်ဆောင်သွားမယ်လို့ ဗဟိုဘဏ် ဥက္ကဌ Ben Bernanke က ပြောပါတယ်။