ဆီးရီးယား လေယာဉ်မှူး ဂျော်ဒန် ထွက်ပြေး

  • 22 ဇွန် 2012
syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား စစ်မြေပြင် က မီးခိုးလုံးများ

M 21 တိုက်လေယာဉ် မောင်းပြီး ဆီးရီးယား လေတပ်က ဗိုလ်မှူးကြီး တယောက် ဂျော်ဒန် မှာ ခိုလှုံခွင့် တောင်းခဲ့ပါတယ်။

ဆီးရီးယား ဘက်က လေယာဉ် ပြန်တောင်းပေမယ့် ဂျော်ဒန် အစိုးရက သူ့ကို လက်ခံ ခိုလှုံခွင့် ပေးခဲ့ ပါတယ်။

ဆီးရီးယား သမ္မတ အာဆတ် ဆန့်ကျင် ဆန္ဒပြ နေကြတာ တနှစ် ကြာပြီးနောက် ပထမဆုံး ထွက်ပြေးတဲ့ လေယာဉ်မှူး ဖြစ်ပြီး ဟာဆန် ဟာမန်ဒါ လို့ ခေါ်ပါတယ်။

ဆီးရီးယား လေတပ်ဟာ အာဆတ်ကို ခုထိ သစ္စာခံ နေတုန်း ဖြစ်ပါတယ်။

ဟုမ်းစ် ဒမတ်စကတ် ဒဲရာ စတဲ့ မြို့တွေပေါ် မနေ့က ဗုံးအကြီးအကျယ် ချလို့ လူ ၉ဝ သေတယ်လို့လဲ အတိုက်အခံ ဘက်က ဆိုပါတယ်။