သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇွန် ၂၂ နိုင်ငံတကာ သတင်းဗီဒီယို

  • 22 ဇွန် 2012

နော်ဝေးနိုင်ငံမှာ လူပေါင်း ၇၇ ယောက်ကို သတ်ဖြတ်ခဲ့သူ အန်းဒါးစ် ဘဲရီးန်ဂ် ဘရီဗစ်က် ရဲ့ အမှုအတွက် သူ့ရှေ့နေက နောက်ဆုံးလျှောက်လဲချက် လျှောက်ထားခဲ့ပါတယ်။ ရှေ့နေက သူ့ကို ထောင်ဒဏ် အပြစ်ပေးဖို့ သေဒဏ်မချမှတ်ဖို့ လျှောက်လှဲခဲ့တာဖြစ်ပါတယ်။

တာလီဘန်နဲ့ ၁၂ နာရီကြာ အပြင်းအထန်တိုက်ပွဲ ဆင်နွှဲခဲ့တာဟ အခု ပြီးဆုံးသွားပြီလို့ အာဖဂန် ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်နက်ကိုင် ၈ ဉီး သေဆုံးခဲ့သလို တာလီဘန်လိုလားတဲ့ တက်ကြွသူတချို့လည်း သေဆုံးခဲ့ပါတယ်။ နိုင်ငံတကာ တပ်ဖွဲ့ကို ကူညီထောက်တဲ့ အနေနဲ့ အာဖဂန်တပ်ဖွဲ့က စစ်ဆင်ရေး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ညွန့်ပေါင်းအစိုးရကို ခေါင်းဆောင်တဲ့ အာဏာရ ပါကစ္စတန် ပြည်သူ့ ပါတီက ရာဂျာ ပါဗက်ဇ် အက်ရှ်ရပ်ဖ်ကို ဝန်ကြီးချုပ် အမည်တင်သွင်းလိုက်ပါတယ်။ ပါတီရဲ့ အရင် နာမည်တင်သွင်းခဲ့သူ ဝန်ကြီးချုပ် မာ့ခ် ဒွန်းမ် ရှာဟာ ဘူဒင်ကို တရားသူကြီးက ဖမ်းဝရမ်းထုတ်ပြီးနောက်တရက်မှာ အခုလို အမည်စာရင်းအသစ်တင်သွင်းလိုက်တာ ဖြစ်ပါတယ်။