အီဂျစ် ရွေးကောက်ပွဲ ရလဒ်ကို တဟီရာရင်ပြင်မှာ စုရုံးစောင့်မျှော်

  • 24 ဇွန် 2012
cairo_demos ဓာတ်ပုံ မူပိုင် AP
Image caption တဟီရာ ရင်ပြင်မှာ စုရုံး နေကြသူများ

အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော်မှာ ရှိတဲ့ တဟီရာ ရင်ပြင်မှာ လွန်ခဲ့တဲ့ တပတ်က ပြုလုပ် ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ ရဲ့ ရလဒ် တွေကို သိရဖို့ လူထောင်ပေါင်းများစွာ စုရုံးလို့ ညလုံးပေါက် စောင့်စား နေကြပါတယ်။

အဲဒီ အထဲက အများစုက မွတ်စလင် ညီအစ်ကို များအဖွဲ့က မိုဟာမက် မာဆီကို ထောက်ခံ ကြသူတွေ ဖြစ်ကြပါတယ်။ တချို့ နေရာတွေ မှာတော့ တခြား သမ္မတလောင်း ဖြစ်တဲ့ အရင် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ အာမက် ရှာဖစ်ခ် ကို ထောက်ခံသူ တွေက ချီတက်ပွဲတွေ လုပ်ခဲ့ကြပါတယ်။

အရင် သမ္မတဟောင်း မူဘာရက်ကို ဆန့်ကျင် ထကြွမှုတွေရဲ့ ဗဟိုချက် ဖြစ်ခဲ့ရာ ဒီတဟီရာ ရင်ပြင်မှာ အခြေအနေက ငြိမ်းချမ်းလျှက် ရှိနေတဲ့ အကြောင်း အဲဒီက သတင်းထောက်တွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီမှာ ရှိကြသူတွေ ထဲက အများစုဟာ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်ကောင်စီရဲ့ အကြံအစည်တွေနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။

တဟီရာ ရင်ပြင် အတွင်းမှာ ရှိနေတဲ့ ဆန္ဒပြသူ တဉီး ဖြစ်တဲ့ အဗ္ဗဒဲလ် ဟာမစ် မိုဟာမက် ကတော့ သူ့အနေနဲ့ တော်လှန်ရေး တုန်းက တောင်းဆိုချက်တွေ အကုန်ပြည့်တဲ့ အထိ ဆန္ဒပြပွဲ တွေကို ဆက်ရှိ နေစေချင်တဲ့ အကြောင်း၊ နောက်တက်မယ့် သမ္မတက အာဏာမရှိဘဲ အုပ်ချုပ်ဖို့ မလွယ်ကြောင်း၊ သမ္မတသစ်ဟာ အာဏာအပြည့်နဲ့ တာဝန်ထမ်း ဆောင်နိုင်ဖို့ လိုအပ်ကြောင်း တွေကို ပြောကြား သွားပါတယ်။