ဂရိက ဘဏ္ဍာရေး အကူအတွက် လိုက်လျောမှုတွေ ထပ်တောင်းဆို

greece ဓာတ်ပုံ မူပိုင် Reuters
Image caption ဂရိမှာ စားနပ်ရိက္ခာကို ခွဲတမ်းနဲ့ ပေးဝေကူညီနေ

ဂရိ နိုင်ငံက နိုင်ငံတကာက ဘဏ္ဍာရေး အကူအညီ တွေနဲ့ ပတ်သက်လို့ သေချာစွာ ပြန်လည် ဆွေးနွေး သွားချင်ကြောင်း တောင်းဆိုလိုက် ပါတယ်။

ဒါဟာ အင်မတန် အန္တရာယ်ကြီးတဲ့ လောင်းကြေး တခုနဲ့ တူကြောင်း အေသင်မြို့က ဘီဘီစီ သတင်းထောက် က သုံးသတ် ထားပါတယ်။

ဂရိ က အခွန်နဲ့ လုပ်ခလစာ လျှော့ချ ရေးတွေကို ဆိုင်းငံ့ထားဖို့နဲ့ လူမှု ဝန်ထမ်း ဌာနတွေမှာ လူလျှော့ချ တာတွေကို ရပ်ပြီး အလုပ်လက်မဲ့ တွေအတွက် ကူငွေတွေ ပိုပေး ဖို့ အတွက်ကို လိုလား နေတာ ဖြစ်ပါတယ်။

ဒီ တောင်းဆိုချက် တွေဟာ မူလက မျှော်မှန်း ထားတာထက် ပိုနေတဲ့ အတွက် တခြား ဥရောပ နိုင်ငံတွေက ဂရိ အနေနဲ့ လက်ရှိ ကြုံနေရတဲ့ ဘဏ္ဍာရေး အခြေအနေ တွေအရ ဒီလို တောင်းဆို မှုတွေ လုပ်ဖို့ မသင့်ဘူးလို့ ယူဆနေကြ တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဂရိရဲ့ အစိုးရသစ်ကို ဆက်လက် ရပ်တည် သွားနိုင်ဖို့ လိုက်လျောမှု တွေ ပေးဖို့တော့ လိုအပ်နေကြောင်း တချို့ နိုင်ငံတွေက နားလည် ကြတဲ့ အကြောင်း ဘီဘီစီ သတင်းထောက်က သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ