ပစ်ချခံရတဲ့ တူရကီလေယာဉ် လမ်းမှားသွားတာ ဖြစ်

  • 23 ဇွန် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားနိုင်ငံတဲ့ တမင်သက်သက် ဝင်ရောက်တာ မျိုး မဟုတ်ဘူးလို့ တူရကီသမ္မတက ပြောပါတယ်

ဆီးရီးယားနိုင်ငံ ကနေ သောကြာနေ့ တုန်းက ပစ်ချလိုက်တဲ့ တူရကီ တိုက်ခိုက်ရေး လေယာဉ် တစင်းဟာ ဆီးရီးယား လေပိုင်နက်ထဲ လမ်းမှား ဝင်ရောက် သွားခဲ့ပုံ ပေါ်တယ်လို့ တူရကီ နိုင်ငံက ပြောကြား လိုက်ပါတယ်။

ဂျက်တိုက်လေယာဉ်တွေ အရမ်း မြန်တာကြောင့် တခြားနိုင်ငံထဲကို တခါတရံမှာ လမ်းမှား ဝင်ရောက် သွာတာဟာ ဖြစ်လေ့ဖြစ်ထ ရှိကြောင်းနဲ့၊ ဒါဟာ တမင်သက်သက် ဝင်ရောက်တာမျိုး မဟုတ်ဘူး လို့ တူရကီ သမ္မတ အက်ဘ်ဒူလာ ဂူးလ်က ပြောကြားပါတယ်။

ဒါပေမယ်လို့ သူက ဆက်ပြောတာက အခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အတိအကျ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာကို အသေအချာ မသိရ သေးခင်တော့ တူရကီ အနေနဲ့ အသေးစိတ် သတင်း ထုတ်ပြန်မှုတွေ လုပ်မှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။

တူရကီ အစိုးရဟာ ဆီးရီးယားနဲ့ ဆက်သွယ် မေးမြန်းမှုတွေ လုပ်နေတယ်လို့လည်း မစ္စတာ ဂူးလ်က ပြောပါတယ်။

၂ နိုင်ငံ ရေတပ်တွေ ဟာလည်း အခု ပျောက်ဆုံးသွားတဲ့ ပိုင့်လော့ တွေကို ပူးတွဲ ရှာဖွေမှုတွေ လုပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ