စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား ရှုတ်ချ

  • 25 ဇွန် 2012
အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့် ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့်

ပြီးခဲ့အပတ်အတွင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာမှာ မြောက်ကိုရီးယား အလံကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဖြစ်ရပ်အတွက် မြောက်ကိုရီးယားက စိတ်ဆိုးမာန်ဆိုး တုန့်ပြန်လိုက်ပါတယ်။ စစ်ကြေညာ ထားတာမဟုတ်ဘဲ အချုပ်အချာ အာဏာပိုင်တဲ့နိုင်ငံတခုရဲ့ အလံကို သေနတ်နဲ့ပစ်တာ ဟာဆိုးဆိုးဝါးဝါး ရန်စမှုဖြစ်တယ်လို့ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားက ရုပ်မြင်သံကြားကနေ ကြေညာသွားပါတယ်။

အခု အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ၁၉၅၃ခုနှစ်ကိုရီးယားစစ်ပွဲပြီးတဲ့နောက် နယ်စပ်နဲ့ကပ်ပြီး ကျည်ဆန် အစစ်တွေသုံးတဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကြီး ဖြစ်ပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ပုံမှန်လေ့ကျင့်နေကြဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ