ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ကို ရောက်ပြီ

  • 26 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အင်္ဂါနေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ပြင်သစ် သမ္မတနဲ့ တွေ့ဆုံမယ်

ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်ကို ရောက်နေတဲ့ မြန်မာ့ ဒီမို ကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် အောင်ဆန်း စုကြည်ဟာ ပြင်သစ် သမ္မတ ဖိတ်ကြား ချက်အရ အင်္ဂါနေ့မှာ ပါရီမြို့ကို ရောက်ရှိ သွားပြီ ဖြစ်ပါ တယ်။

ပြင်သစ် ခရီးစဉ်ဟာ သူ့ရဲ့ နောက်ဆုံး ဥရော ခရီးစဉ် ဖြစ်ပြီး ပြင်သစ်မှာ ဇွန်လ ၂၉ ရက်ထိ ရှိနေမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်း စုကြည် ဟာ ပြင်သစ် သမ္မတနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်း မှာတော့ ၂ဝဝ၄ ခုနှစ်က ပါရီမြို့က ပေးခဲ့တဲ့ ဂုဏ်ထူးဆောင် မြို့သူ ဆုကို မြို့တော်ဝန် ဆီက လက်ခံ ရယူ ဖို့ ရှိပါတယ်။

အဲဒီ မနက်မှာပဲ ပါရီ မြို့တော် ခန်းမမှာ ပြင်သစ် နဲ့ ဥရောပ နိုင်ငံ တွေက အဝေးရောက် မြန်မာ တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပြီး မေးခွန်းတွေ ဖြေကြားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ