ဆီးရီးယားမှာ တိုက်ပွဲတွေ ပြန်ဖြစ်

  • 26 ဇွန် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဟုမ်းစ်မြို့ အပါအဝင် တခြား နေရာတွေမှာ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်နေပါတယ်။

ဆီးရီးယား နိုင်ငံမှာ အစိုးရ တပ်ဖွဲ့တွေနဲ့ သူပုန်တွေ အကြား မြို့တော် ဒမာစကပ်စ် ဆင်ခြေဖုံးပိုင်းမှာ အသစ်တဖန် တိုက်ခိုက်မှုတွေ ပြန်ဖြစ် နေတယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယား လူ့အခွင့်အရေးကို စောင့်ကြည့်လေ့လာ နေတဲ့ အဖွဲ့ SOHR က ပြောတာက အစိုးရရဲ့ Republican Guard တပ်ဖွဲ့ဝင်တွေဟာ ဆင်ခြေဖုံး နေရာ အတော် များများမှာ တိုက်ခိုက်တဲ့ အခါ လက်နက်ကြီးတွေ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက် ဒဏ်ရာရတဲ့ သတင်းကိုတော့ မသိရသေးပါ။

အစိုးရ မီဒီယာက ပြောတာ ကတော့ သူတို့ အဆို အကြမ်းဖက်သမား လေးငါး ဆယ်လောက်ကို သတ်ဖြတ် နိုင်လိုက်တယ်လို့ ကြေညာ သွားပါတယ်။

နိုင်ငံအလယ်ပိုင်း ဟုမ်းစ်မြို့ အပါအဝင် တခြား နေရာတွေမှာ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်နေပါတယ်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ကလည်း တိုက်ခိုက်မှုတွေ ကြောင့် ပိတ်မိနေကြတဲ့ အရပ်သားတွေကို ဘေးကင်းရာကို ကယ်ထုတ် ပေးရေး အစီအစဉ်တွေ လုပ်ဖို့ ဟုမ်းစ်မြို့ကို ပြန်သွားနေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ