ဆီးရီးယား စစ် ဖြစ်နေပြီ လို့ အာဆတ်ဆို

  • 27 ဇွန် 2012
syria ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒမတ်စကတ်မှာ အကြီးအကျယ် ပစ်ခတ်

အုံကြွ ဆန့်ကျင်မှု ၁၆ လ ကြာ ပြီးနောက် စစ်ဖြစ်တဲ့ အခြေ ရောက်နေပြီလို့ ဆီးရီးယား သမ္မတ ဘရှား အာဆတ်က ပြောကြား လိုက်ပါတယ်။

စစ်ပွဲ အောင်နိုင်ရေး အတွက် အစွမ်း ရှိသမျှ အားထုတ် လမ်းညွှန် ပြရမယ်လို့ ဆီးရီးယား အစိုးရသစ်ကို သူက ပြောပါတယ်။

ဒမတ်စကတ် မြို့တော် ဆင်ခြေဖုံးမှာ ဆီးရီးယား တပ်နဲ့ သူပုန်တွေ အကြား တရက်ကြာ တိုက်ပွဲ ဖြစ်ပြီးနောက် မစ္စတာ အာဆတ်က ဒီလို ပြောကြား ခဲ့တာပါ။

ဒမတ်စကတ်နဲ့ နိုင်ငံ တဝှမ်း လူ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့တယ်လို့ နှစ်ဘက်လုံးက ထုတ်ပြန် ပါတယ်။

ဆီးရီးယား အရပ်သား တွေ အတွက် အန္တရာယ် ပိုပို ကြီး လာပြီး ကုလ သမဂ္ဂ လေ့လာ စောင့်ကြည့် သူတွေ လုပ်ငန်း ပြန်မစနိုင် အောင် ဖြစ်နေတယ်လို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှာ ပြောကြား ခဲ့ပါတယ်။

ဆီးရီးယား အကျပ်အတည်း အတွက် နိုင်ငံတကာ ကြားဝင် ညှိနှိုင်း ရေးမှူး ကိုဖီအာနန် စနေနေ့ ဂျနီဗာမှာ လုပ်ဖို့ စီစဉ်နေတဲ့ အစည်းအဝေးကို ရုရှက တက်ဖို့ အသင့်ရှိတယ် လို့ ဆိုပါတယ်။

ဘယ်ကိစ္စ တွေ ဦးတည် ဆွေးနွေးမယ် ၊ ဘယ်သူတွေ ပါဝင်မယ် ဆိုတာ တွေ ရှင်းရှင်းလင်းလင်း သဘောတူ ညီမှု ရတာ မရှိသေးလို့ အစည်းအဝေး ဖြစ်မဖြစ်လဲ ပြောဘို့ မသေချာ သေးပါဘူး။

အီရန် တက်ဖို့ ရုရှက ဆန္ဒရှိတာ ဟုတ်ပေမယ့် အမေရိကန် က ကန့်ကွက်ပါတယ်။

ရှေ့ဆက် လုပ်ဖို့ မလုပ်ဖို့ အင်္ဂါ နေ့ နှောင်းပိုင်းမှာ မစ္စတာ အာနန် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ကုလ သမဂ္ဂ ဆိုင်ရာ ပြင်သစ် သံအမတ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ