အမေရိကန်မှာ ဂဲလက်ဆီ ၁၀.၁ မရောင်းဖို့ တရားရုံး ဆုံးဖြတ်

  • 27 ဇွန် 2012
Apple's iPad and Samsung's Galaxy ဓာတ်ပုံ မူပိုင် Reuters
Image caption ပုံတူ ခိုးယူမှု အငြင်းပွား နေတဲ့ ဆမ်ဆောင်းနဲ့ အက်ပဲလ် ကွန်ပြူတာများ

တောင်ကိုရီးယားပိုင် Samsung ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီထုတ် Galaxy 10.1 ဂဲလက်ဆီ တက်ဘလက် ကွန်ပြူတာကို အမေရိကန် နိုင်ငံမှာ ရောင်းချခွင့် ပိတ်ပင်လိုက် ပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီက သူ့ရဲ့ ပြိုင်ဘက် Apple အက်ပဲလ် ကုမ္ပဏီနဲ့ အငြင်းပွား နေတဲ့ အမှုမှာ အမေရိကန် တရားရုံးက အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဂဲလက်ဆီ တက်ဘလက် ကွန်ပြူတာ တွေကို ဆက်လက် ရောင်းချခွင့် ပေးမယ် ဆိုရင် အက်ပဲလ် ကုမ္ပဏီ အတွက် အစားထိုးလို့ မရတဲ့ နစ်နာ မှုတွေ ရင်ဆိုင်ရလိမ့်လို့ တရားသူကြီး လူစီ ကိုး က ပြောပါတယ်။

ဆမ်ဆောင်း ကုမ္ပဏီထုတ် ဂဲလက်ဆီ ဟာ အက်ပဲလ် ရဲ့ ရောင်းအား အကောင်းဆုံး iPad အိုင်ပက် ကို ပုံတူ ခိုး ထုတ်လုပ်တာ ဖြစ်တယ်လို့ အက်ပဲလ် ကုမ္ပဏီက စွပ်စွဲ ပါတယ်။