ပတမဆုံးလူစီး တရုတ်အာကာသ လေ့လာရေးအောင်မြင်

  • 29 ဇွန် 2012
တရုတ်အာကာသ ယာဉ်မှူးများ ဓာတ်ပုံ မူပိုင် Xinhua
Image caption တရုတ်အာကာသ ယာဉ်မှူးများ

ဒီမနက် ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၅ မိနစ်မှာ အာကာသယာဉ်မှူး သုံးဦးလိုက်ပါလာတဲ့ ယာဉ်အစိတ်အပိုင်း မွန်ဂိုလီးယားအလယ်ပိုင်းဒေသကို ဆင်းသက်လာတာကို တရုတ်နိုင်ငံတခုလုံးမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ အာကာသထဲမှာ ၁၃ ရက်ကြာနေခဲ့တဲ့ဒီခရီးစဉ်မှာ အသက် ၃၃ နှစ်အရွယ် အမျိုးသမီး အာကာသ ယာဉ်မှူး Liu Yang လည်းလိုက်ပါသွားခဲ့ပါတယ်။

အရင်ကဘယ်သူမှသိပ်မသိခဲ့ကြတဲ့ Liu Yang ဟာအခုတော့ တရုတ်ပြည်မှာလူသိ အများဆုံးသူတဦးဖြစ်လာပါပြီ။ သူက Tiangong 1 အာကာသယာဉ်ဟာ သူ့အတွက် ဟင်းလင်းပြင်ထဲက ဒုတိယအိမ် ဖြစ်တဲ့အကြောင်း၊ အဲဒီမှာ နေရ တာအဆင်ပြေ ကြောင်းနဲ့ သူ့မိခင် တရုတ်နိုင်ငံအတွက်လည်း သိပ်ဂုဏ်ယူကြောင်း ကမ္ဘာမြေပေါ်အရောက်မှာ ပြောခဲ့ တာပါ။ ဒီခရီးစဉ်အတွင်း တရုတ်အာကာသ ယာဉ်မှူးတွေဟာ ဟင်းလင်းပြင်ထဲမှာ အာကသယာဉ်အချင်းချင်းချိတ် ဆက်တာကို လူကိုယ်တိုင်ရော၊ အော်တိုမက်တစ် စက်ကိရိယာနည်းလမ်းနဲ့ရော ဆောင်ရွက် အောင်မြင်ခဲ့ပါတယ်။

ဒါဟာ ၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ အာကာသစခန်း တခုတည်ဆောက်ဖို့အတွက် တဆင့် အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ အာကာသ နည်းပညာဟာ အမေရိကန်နဲ့ ရုရှတို့ထက်စာရင် နောက်ကျနေသေးတယ်လို့ ဘေကျင်းမှာရှိတဲ့ ဘီဘီစီသတင်းထောက် မာတင်ပေးရှင့်ကပြောပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ငွေအင်အားနဲ့ တက်ကြွမှု အရှိန်အဟုန် ကတော့သိပ်ကို အားကောင်းနေတယ်လို့ သူကဆိုပါတယ်။