အီဂျစ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

  • 30 ဇွန် 2012
morsi ဓာတ်ပုံ မူပိုင် x
Image caption အီဂျစ် သမ္မတသစ် မိုဟာမက် မော်ဆီ

အီဂျစ် နိုင်ငံရဲ့ ပထဆုံး အကြိမ် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ သမ္မတ ဖြစ်တဲ့ မိုဟာမက် မော်ဆီ ဟာ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပါတယ်။

တဆက်တည်းမှာ သမ္မတ သစ်က မကြာသေးခင်က ဖျက်သိမ်းခဲ့တဲ့ ပါလီမန်ကို ပြန်လည် အသက်သွင်းဖို့ ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ကိုင်ရို မြို့ပြင်မှာ ရှိတဲ့ စစ်စခန်း တခုမှာ စစ်ကောင်စီရဲ့ အကြီးအကဲ ဖြစ်တဲ့ သေနာပတိ မိုဟာမက် တန်တာဝီက သမ္မတ မော်ဆီကို အခမ်းအနားနဲ့ တရားဝင် အာဏာလွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။

အစောပိုင်း တုန်းက တော့ မွတ်စလင် ညီအစ်ကို များ အဖွဲ့က မစ္စတာ မော်ဆီက ကိုင်ရို တက္ကသိုလ်မှာ မိန့်ခွန်း ပြောကြား ခဲ့ရာမှာ သူ့အနေနဲ့ စစ်တပ်ကို အဖွဲ့အစည်း ကြီးတခု အနေနဲ့ ဆက်လက်ကာကွယ် ပေးသွားမယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ် ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့သာ ဖြစ်ပြီး အုပ်ချုပ်ဖို့ မဟုတ်တဲ့ အကြောင်း ကိုလည်း သတိပေး ပြောကြား သွားခဲ့ပါတယ်။