BBC navigation

အီဂျစ် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

နောက်ဆုံး ရေးသားချိန် 30 ဇွန်လ 2012 - 14:50 GMT

သမ္မတ မော်ဆီက မကြာခင်က ဖျက်သိမ်း လိုက်တဲ့ ပါလီမန်ကို အလျင်အမြန် ပြန် ဖွဲ့ဖို့ တောင်းဆို

အီဂျစ်နိုင်ငံမှာ ပထမဦးဆုံး အရပ်သား အစ္စလာမ်မစ် သမ္မတ အဖြစ် ရွေးကောက် တင်မြောက်ခံရသူ မိုဟာမတ် မော်ဆီဟာ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆို လိုက်ပြီ ဖြစ်ပါတယ်။

အရင်တုန်းက ပိတ်ပင်တားမြစ်ထားတဲ့ Muslim Brotherhood မူဆလင် ညီနောက်များ အဖွဲ့က ဖြစ်တဲ့ မစ္စတာ မော်ဆီဟာ စစ်တပ်နဲ့ ဘာမှာ ပတ်သက်မှု မရှိတဲ့ အီဂျစ်နိုင်ငံရဲ့ ပထမဦးဆုံး အရပ်သား ခေါင်းဆောင် တဦးလည်း ဖြစ်လာ ခဲ့ပါပြီ။

သမ္မတ မော်ဆီက မကြာသေးခင်က ဖျက်သိမ်း လိုက်တဲ့ ပါလီမန်ကို အလျင်အမြန် ပြန် ဖွဲ့စည်းဖို့ကို တောင်းဆိုလိုက်ပါတယ်။

ကိုင်ရို တက္ကသိုလ်မှာ ပထမဦးဆုံး အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောကြားသွားတဲ့ မိန့်ခွန်းမှာ မစ္စတာ မော်ဆီက အီဂျစ် စစ်တပ်ကို အဖွဲ့အစည်း တခုအနေနဲ့ အကာအကွယ် ပေးသွားမယ်လို့ ပြောကြား ပါတယ်။ ဒါပေမယ်လို့ ပြည်သူတွေရဲ့ ဆန္ဒကို ဘာနဲ့မှ အစားထိုး စရာ မရှိဘူးလို့လည်း သူက သတိပေး ပြောကြား လိုက်ပါတယ်။

ဒီကနေ့ဟာ အီဂျစ်နိုင်ငံ အတွက် ကြီးမြတ်တဲ့ နေ့တနေ့ ဖြစ်ပြီး၊ ဒီကနေ့က စလို့ နိုင်ငံမှာ ဂုဏ်သိက္ခာနဲ့ ကျက်သရေ မင်္ဂလာရှိတဲ့ စာမျက်သစ် ဖြစ်စေရမယ်လို့ သူက ကတိပေး ပြောကြားသွားပါတယ်။

သူမိန့်ခွန်း ပြောကြားနေတဲ့ အချိန်မှာ သမ္မတ မူဘာရက် လက်ထက်က ဆန္ဒပြမှုတွေ အတွင်း သေဆုံးသွားခဲ့ သူတွေရဲ့ မိခင်တွေဟာ သူတို့သားတွေရဲ့ ဓာတ်ပုံတွေကို ကိုင်မြောက် ထားကြပါတယ်။

မစ္စတာ မော်ဆီက တော်လှန်းရေးကို အလွဲသုံးစား လုပ်မှာ မဟုတ်ဘူးလို့လည်း ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။