ဘာကလေဘဏ် ဥက္ကဌရာထူးမှ နှုတ်ထွက်

  • 2 ဇူလိုင် 2012
ဘာကလေဘဏ် ဥက္ကဌ Marcus Agius ဓာတ်ပုံ မူပိုင် x
Image caption ဘာကလေဘဏ် ဥက္ကဌ Marcus Agius

ကမ္ဘာ့အကြီးဆုံးဘဏ်တခုဖြစ်တဲ့ ဘာကလေဘဏ်ကြီးရဲ့ ဝန်ထမ်းတွေက ဘဏ်တိုးနှုန်းကို အမြတ်ထုတ်ခဲ့တဲ့ ပြဿနာကြောင့် ဘဏ်ဥက္ကဌ ရာထူးမှ နှုတ်ထွက်လိုက်ပါတယ်။ သူ့ရဲ့နှုတ်ထွက်လွှာထဲမှာ Marcus Agiusက အခုအရှုပ်တော်ပုံဟာ ဘဏ်ရဲ့နံမည်ကို အကြီးအကျယ်ထိခိုက် စေတယ်လို့ပြောပါတယ်။ ဘဏ်ထဲမှာဖြစ်ပေါ်နေတဲ့ အပြုမူရဲ့အဆင့်အတန်းကိုလည်း သူလက်မခံနိုင်ဘူးလို့ပြောပါတယ်။

ဘဏ်တိုးနှုန်းအပေါ် အမြတ်ထွက်အောင်ကစားခဲ့တဲ့အတွက် ဘဏ်ကြီးကြပ်ရေးအဖွဲ့တွေက ဒဏ်ငွေဒေါ်လာသန်း၅၀၀ ရိုက်ခဲ့ပါတယ်။ အခုအရှုပ်တော်ပုံမှာ Mr Agius ဟာပထမဆုံးနှုတ်ထွက်တဲ့ အဆင့်မြင့်ဘဏ်အရာရှိကြီးဖြစ်ပါတယ်။ အမှုဆောင်အရာရှိချုပ် Bob Diamond ကတော့ရာထူးကနှုတ်ထွက်ဖို့ ငြင်းဆိုထားပြီး အခုအပတ်အတွင်း ဗြိတိသျှ ပါလီမန် အဖွဲ့ဝင်တွေရဲ့ စုံစမ်းမေးမြန်းခြင်းခံရမှာဖြစ်ပါတယ်။