ကမ္ဘာ့ အမြတ်အများဆုံးဘဏ်၃ခု တရုတ်မှာရှိ

  • 2 ဇူလိုင် 2012
တရုတ်ဘဏ်လုပ်ငန်း အမြတ်များ ဓာတ်ပုံ မူပိုင် BBC World Service
Image caption တရုတ်ဘဏ်လုပ်ငန်း အမြတ်များ

အခုရှာဖွေတွေ့ရှိချက် အသစ်အရ ကမ္ဘာပေါ်မှာ အမြတ်အများဆုံးရတဲ့ ဘဏ်ကြီး၃ခုဟာ တရုတ်နိုင်ငံမှဖြစ်ပါတယ်။ The Banker မဂ္ဂဇင်းရဲ့ နှစ်ပတ်လည် စစ်တမ်းအရ တရုတ်ဘဏ်တွေဟာ ကမ္ဘာ့ဘဏ်လုပ်ငန်း အမြတ်အစွန်းရဲ့ ၂၉ရာနှုန်းရရှိနေပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်ကတော့ အမြတ်အားလုံးရဲ့ ၄ရာနှုန်းဘဲရှိပါတယ်။ ဥရောပဘဏ်တွေကတော့ ကမ္ဘာ့အမြတ်အစွန်းရဲ့ ၆ရာနှုန်းဘဲ မနှစ်ကရှိပါတယ်။ မဂ္ဂဇင်းအယ်ဒီတာကတော့ ဥရောပရဲ့အရှုံးဟာ တရုတ်ရဲ့အမြတ်ဘဲလို့ဆိုပါတယ်။ ဘဏ်လုပ်ငန်းအညံ့ဆုံးဘဏ်၂၅ခုအနက် ဥရောပဘက်မှာ ၂၄ခုရှိတယ်လို့ စစ်တမ်းအရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ