ဂလက်ဇို ဆေးကြော်ငြာ လိမ်လည်မှု ဒဏ်တပ်

  • 3 ဇူလိုင် 2012
glaxo ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန် အကြီးဆုံး ကျန်းမာရေး လိမ်လည်မှု

အမေရိကန် သမိုင်းမှာ အကြီးကျယ်ဆုံး ကျန်းမာရေး စောင့်ရှောက်မှု လိမ်လည်မှု ပြီးငြိမ်းဖို့ ဂလက်ဇို ဗြိတိသျှ ဆေး ကုမ္ပဏီ ကြီးက ဒေါ်လာ သန်း ၃ ထောင် ပေးဖို့ သဘော တူ လိုက်ပါတယ်။

လူကြီးတွေ အတွက် သုံးဖို့ပဲ ညွှန်းလို့ရတဲ့ စိတ်ကျ ရောဂါဆေးကို အသက် ၁၈ နှစ်အောက် လူနာ တွေကို ရောင်းဖို့ ကြိုးစား တာမျိုး လို အမေရိကန် ဥပဒေ ကို ချိုးဖောက်ပြီး ဆေးကြော်ငြာ တာတွေ ဂလက်ဇိုက အကြိမ်ကြိမ် ကျူးလွန်ခဲ့ တယ်လို့ အာဏာပိုင် တွေက ပြောကြား ပါတယ်။

ဆရာဝန် တွေကို စားပွဲ သောက်ပွဲတွေ ရေပူစမ်း နဲ့ ဧည့်ခံ တာမျိုးတွေနဲ့ သိမ်းသွင်းဖို့ ကြိုးစား တာတွေက လာဘ်ထိုးတာ နဲ့ ညီမျှတယ် လို့လဲ သိရပါတယ်။

အမှား ကနေ သင်္ခန်းစာ ယူသွားမယ်လို့ ဂလက်ဇိုက ပြောကြား ခဲ့ပါတယ်။