ဟောင်ကောင်မှာ လူထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြကြ

  • 2 ဇူလိုင် 2012
hongkong_protest ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဟောင်ကောင်က ဆန္ဒပြနေကြသူများ

ဟောင်ကောင်မှာတော့ ဆယ်စုနှစ်ပေါင်း များစွာ အတွင်းမှာ လူအများဆုံး ပါဝင်တဲ့ ဆန္ဒပြပွဲကြီး အဖြစ် တရုတ်ကွန်မြူနစ် ပါတီကို လူထောင်ပေါင်းများစွာက ချီတက် ဆန္ဒပြခဲ့ ကြပြီး လူအားလုံး မဲပေးပိုင်ခွင့် ရဖို့ အတွက်ကို တောင်းဆို ခဲ့ကြပါတယ်။

ဒါကတော့ အရင် ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့တဲ့ ဟောင်ကောင်ကို တရုတ်လက်ကို ပြန်လွှဲပေးခဲ့တာ ၁၅ နှစ်မြောက် အခမ်း အနား နဲ့အတူ အုပ်ချုပ်ရေးမှုးသစ် အဖြစ် စီဝိုင် လျူန်း ကျမ်းကျိန်အပြီး မှာ အခုလို ဆန္ဒပြပွဲကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက လွတ်လပ်မှုကို ကာကွယ်ဖို့နဲ့ ဒီမိုကရေစီကို ထိန်းသိမ်းသွားအတွက် ကြွေးကြော် ဆန္ဒပြခဲ့ ကြတာဖြစ်ပါတယ်။

စီဝိုင် လျူန်းနဲ့ တရုတ် သမ္မတ ဟူကျင်းတောင် တို့က တရုတ်နိုင်ငံရဲ့ တခြား ဒေသတွေမှာ မရနိုင်တဲ့ ဟောင်ကောင်ရဲ့ လူမှု လွတ်လပ်ခွင့် တွေကို ဆက်ပြီး ပေးသွားမယ်လို့ ကတိပေးထား ခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဆန္ဒပြသူတွေက လူနေမှု အဆင့်အတန်း မညီမျှမှုတွေ ပိုမို ကြီးမား လာနေ တာတွေနဲ့ အဂတိ လိုက်စားမှုတွေ အဆုံးသတ်ဖို့ အတွက်ကိုလည်း တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။