ဆီးရီးယား မှာ လက်နက်တွေ ဝင်လာ

  • 3 ဇူလိုင် 2012
syria ဓာတ်ပုံ မူပိုင် AP
Image caption လက်နက် တွေ ဘယ်က လာတယ် မသိရ

ဆီးရီးယား ပဋိပက္ခ အရှိန်တက် လာနိုင်တယ်လို့ ကုလ သမဂ္ဂ လူ့ အခွင့် အရေး မဟာ မင်းကြီး က သတိပေး လိုက် ပါပြီ။

အစိုးရ နဲ့ အတိုက် အခံ နှစ်ဘက်လုံးကို လက်နက်တွေ အဝင် များ လာတာက အပစ်အခတ် တွေ မီးမွှေး ပေး နေသလိုပဲလို့ မစ္စ နာဗီ ပီလေးက ပြောကြား ခဲ့ပါတယ်။

လက်နက် တွေ ဘယ်က လာတယ် ဆိုတာ သူက သေချာ မပြောပေမယ့် အစိုးရကို အီရန်နဲ့ ရုရှက ထောက်ပံ့ နေပြီး အတိုက် အခံ ကတော့ ကာတာ နဲ့ ဆော်ဒီ အာရေဗျ နိုင်ငံ တွေ ဆီက လက်နက် ရတယ်လို့ သတင်းထောက် တွေက ဆိုပါတယ်။

ဆီးရီးယား အတိုက်အခံ အုပ်စု တွေ ညီညွတ်ပြီး တိုင်းပြည် အတွက် နိုင်ငံရေး အသွင်ကူး စီမံကိန်း တခု ရှိထား ကြဖို့ အာရပ် အဖွဲ့ချုပ် ကလဲ တောင်းဆို ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး တယောက် အပါအဝင် အနည်းဆုံး တခြား အရာရှိ ၇ ယောက် အပါအဝင် ဆီးရီးယား စစ်သား ၈၅ ယောက် နယ်စပ် ဖြတ် ကူးလာတယ်လို့ တူရကီ သတင်းဌာန တွေက ပေးပို့ ပါတယ်။

ဒါဟာ ဆီးရီးယား အရေးအခင်း စတင် ပြီးနောက် တူရကီ ဘက်ကို ခိုလှုံလာတဲ့ စစ်သား အများဆုံး အုပ်စု လို့ ဆိုပါတယ်။

တူရကီ တောင်ပိုင်းက ဒုက္ခသည် စခန်း တခုကို ဒီစစ်သား တွေကို ပို့လိုက်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ