နေတိုး ထောက်ပံရေးလမ်း ပါကစ္စတန် ဖွင့်ပေး

  • 4 ဇူလိုင် 2012
pakistan ဓာတ်ပုံ မူပိုင် Reuters
Image caption နေတိုး နိုင်ငံ တွေနဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးလို့ ဖွင့်ပေး

အာဖဂန် နစ္စတန်က နေတိုး တပ်တွေ အတွက် ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြန်ဖွင့် ပေးမယ်လို့ ပါကစ္စတန် ဘက်က ကြေညာ ခဲ့ပါတယ်။

ဆက်ပြီး ပိတ်ထားမယ် ဆိုရင် နေတိုး နိုင်ငံ အားလုံးနဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးလို့ ဖွင့်ပေးလိုက်တာလို့ ပါကစ္စတန် ဝန်ကြီးချုပ် သစ် ရာဂျာ အာရှရက်ဖ် က ကြေညာ ခဲ့တာပါ။

အာဖဂန် တည်ငြိမ် အေးချမ်းရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပါကစ္စတန်က တာဝန်ယူ ပေးတာ ဖြစ်တယ် လို့လဲ အာရှရက်ဖ်က ဆိုပါတယ်။

မနှစ်က အမေရိကန် လေကြောင်း တိုက်ခိုက်မှု မှာ ပါကစ္စတန် စစ်သား ၂၄ ယောက် သေဆုံး ခဲ့ရတဲ့ အတွက် ဝမ်းနည်းကြောင်း အမေရိကန်က တောင်းပန် ခဲ့ပြီးမှာ ဒီလို ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။

မနှစ် နိုဝင်ဘာက ဖြစ်ခဲ့တဲ့ ကိစ္စ တွေ အတွက် အမေရိကန် ဘက်က များစွာ စိတ်မကောင်း ဖြစ်ရတယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဆိုပါတယ်။

နေတိုး ကုန်တင်ကား တစီး ဖြတ်တိုင်း ဒေါ်လာ ငါး ထောင် ပေးဖို့ ပါကစ္စတန် ဘက်က တိုးတောင်း တာကိုတော့ အမေရိကန် ဘက်က ပေးဖို့ ငြင်းဆို ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ