ရုရှား ဂျပန် အငြင်းပွားနေတဲ့ ကျွန်းစုဆီ ရုရှားဝန်ကြီးချုပ် သွားရောက်

  • 3 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ဒုတိယ ကမ္ဘာစစ် အပြီး ရုရှား တပ်ဖွဲ့တွေဟာ ဂျပန် ဆီကနေ ကိုရီးလ် ကျွန်းစုတွေကို သိမ်းယူခဲ့

ရုရှားနဲ့ ဂျပန် နိုင်ငံ အကြား အငြင်းပွား ပြဿနာ ဖြစ်နေတဲ့ ကိုရီးလ် ကျွန်းစု တခု ဆီကို ရုရှား ဝန်ကြီးချုပ် ဒီမက်ထရီ မက်ဗီရေးဒက် သွားရောက် လည်ပတ်ခဲ့တဲ့ အတွက် ဂျပန်နိုင်ငံရဲ့ ချက်ခြင်းဆိုသလို တုံ့ပြန် ပြောဆိုသံတွေ ထွက်ပေါ် လာပါတယ်။

မစ္စတာ မက်ဗီရေးဒက်ဟာ ကိုယ်စားလှယ် အဖွဲ့ ဖွဲ့ပြီး၊ ဂျပန် မြောက်ပိုင်း ဟိုကာအီဒိုကျွန်း အနီးက ခူနာရှဲယ် ကျွန်းကို သွားရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို မစ္စတာ မက် ဗီရေးဒက်ရဲ့ အလည် အပတ်ဟာ အလွန်တရာမှ စိတ်ပျက် ဖွယ်ရာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ဂျပန် ကဘိနက် ဝန်ကြီး အဖွဲ့ အကြီးအကဲ အိုဆာမူ ဖူဂျီမူရာကလည်း အခုလို ရုရှား တို့ရဲ့ လုပ်ရပ်ကို ဝေဖန်လိုက်ပါတယ်။

ဒုတိယ ကမ္ဘာစစ် အပြီး ရုရှား တပ်ဖွဲ့တွေဟာ ဂျပန် ဆီကနေ ကိုရီးလ် ကျွန်းစုတွေကို သိမ်းယူထားတာ ဖြစ်ပါတယ်။

အခုလို ကျွန်းစု ပြဿနာတွေ ရှိနေတာကြောင့် နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုရေး အတွက် အဟန့်အတား ဖြစ်နေခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ