အနုမြူ အက်တမ် ထက် သေးတဲ့ ဒြပ် တွေ့ရှိ

  • 4 ဇူလိုင် 2012
CERN Laboratory ဓာတ်ပုံ မူပိုင် Reuters
Image caption CERN သိပ္ပံ စမ်းသပ်ဌာန ရဲ့ အောင်မြင်မှု

ဆွစ်ဇာလန် နိုင်ငံ CERN လေ့လာ စမ်းသပ်ရေး ဌာနက သိပ္ပံ ပညာရှင်တွေက အနုမြူ အက်တမ် ထက် သေးငယ်တဲ့ ဒြပ် ပစ္စည်း တစ်ခုကို ရှာဖွေ တွေ့ရှိတယ်လို့ ကြေညာ လိုက် ပါတယ်။

အဲဒီ ဒြပ် ပစ္စည်းကို ဟစ်ဂ်စ် ဘော့ဆန် Higgs boson လို့ နာမည် ပေးထားပါတယ်။

အက်တမ် ဆိုတဲ့ အနုမြူ ဒြပ် ဖြစ်လာဖို့ သူ့ထက် သေးငယ်တဲ့ ဒြပ် ပစ္စည်းတွေ စုပေါင်း ထားတာ ဖြစ်နိုင်တယ် ဆိုပြီး ဆယ်စု နှစ်ပေါင်း များစွာ ကြာအောင် ရှာဖွေ လေ့လာ နေတဲ့ သိပ္ပံ ပညာရှင်တွေက သူတို့ ထင်မြင်ချက်နဲ့ အခု ဟစ်ဂ်စ် ဘော့ဆန် ကို တွေ့ရှိမှု ကိုက်ညီ နေတယ်လို့ ပြောပါတယ်။

အခု ရလဒ်က ကနဦး အဆင့်သာ ရှိသေး ပေမဲ့ တွေ့ရှိမှုက သိပ်ကို ခိုင်မာ တယ်လို့ CERN ရဲ့ Large Hardon Collider စမ်းသပ်မှု ဆိုင်ရာ သိပ္ပံ ပညာရှင် တွေက ပြောပါတယ်။

အနုမြူ ထက် သေးငယ်တဲ့ ဒြပ် ပစ္စည်း တစ်ခု ရှိနိုင်တယ် ဆိုတာ ၁၉၆၄ ခုနှစ် ကတည်းက ကြိုတင် တွက်ဆ ခဲ့သူ ပါမောက္ခ ပီတာ ဟစ်ဂ်စ်က အခု ရှာဖွေ တွေ့ရှိမှု သတင်း ကြေညာတာ ကြားရတော့ သူ မျက်ရည်တောင် လည် မိတယ်လို့ ပြော ပါတယ်။