ကနဦး ရလဒ်မှာ အာဏာရ ပါတီမနိုင်လို့ မဲပြန်ရေတွက်

  • 4 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption Andres Manuel Lopez Obrador ဒုတိယ ဖြစ်နေလို့ မဲပြန်ရေခိုင်း

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့တုန်းက ကျင်းပခဲ့တဲ့ မက္ကဆီကို သမ္မတ ရွေးကောက်ပွဲမှာ မဲရေတွက်မှုမှာ ကွဲလွဲတာတွေ ရှိတဲ့အတွက် မဲရုံ တဝက်ကျော်ကျော်က မဲတွေကို ပြန်ရေတွက်မယ်လို့ ကော်မရှင်က ပြောပါတယ်။

ကနဦး မဲရလဒ်တွေ အရ လက်ဝဲယိမ်း ပီအာဒီ ပါတီ ခေါင်းဆောင် Andres Manuel Lopez Obrador က ဒုတိယ ဖြစ်နေတဲ့ အတွက် မဲတွေ အကုန် ပြန်ရေတွက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ရှေ့ဆုံးက ပြေးနေတဲ့ Enrique Peña Nieto ကတော့ သူ့ရဲ့ ပီအာအိုင် ပါတီက မဲ၀ယ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် ငြင်းဆိုခဲ့ပါတယ်။ ပဏာမ ရလဒ်တွေ အရ မစ္စတာ Peña Nieto က ခြောက်ရာခိုင်နှုန်း အသာနဲ့ ရှေ့က ပြေးနေတာ ဖြစ်ပါတယ်။