ကလေးခိုးမှုနဲ့ သမ္မတ ဟောင်းတွေ ထောင်ကျ

  • 6 ဇူလိုင် 2012
argentina ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဟောင်း ၂ ယောက်ကို ထောင်ဒဏ် အနှစ် ၅ဝ နဲ့ ၁၅ နှစ် စီ ပြစ်ဒဏ် ချ

အာဂျင်တီးနား စစ်အစိုးရ ခေါင်းဆောင် ဟောင်း ၂ ယောက်ကို နိုင်ငံရေး အကျဉ်းသား တွေရဲ့ ကလေး တွေကို အကွက်ချ ခိုးယူမှုနဲ့ အပြစ် ထင်ရှားကြောင်း ဆုံးဖြတ် ခဲ့ပါတယ်။

ဟိုဟေး ဗီဒဲလားနဲ့ ရီနယ်လ်ဒို ဘီညောရေး သမ္မတ ဟောင်း ၂ ယောက်ကို ဗြူနို အေးရီးစ်မြို့က တရားရုံး တရုံးက ထောင်ဒဏ် အနှစ် ၅ဝ နဲ့ ၁၅ နှစ် စီ ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။

စစ်အစိုးရ ခေတ် ၁၉၇၆ က ၁၉၈၃ ခုနှစ် တွေ အတွင်း အဖမ်း ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေ ရဲ့ ကလေး အနည်းဆုံး ၄ ရာလောက်ကို ခေါ်သွားတယ်လို့ ယူဆ ကြ ပါတယ်။

ဗီဒဲလားနဲ့ ဘီညောရေး တို့ကို သူတို့ စိုးစံ ခဲ့တဲ့ နှစ် တွေ အတွင်း ကျူးလွန် ခဲ့ကြတဲ့ လူမဆန်တဲ့ ရာဇဝတ် မှုတွေနဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် ခဲ့ပြီး ဖြစ်ပါတယ်။