ဂိုးပေါက် စောင့်ကြည့်မယ့် နည်းသစ်

football
Image caption ဘောလုံးထဲ ကင်မရာတပ် ကြည့်မယ်

နိုင်ငံတကာ ဘောလုံး စည်းမျဉ်း သတ်မှတ်တဲ့ အဖွဲ့က ဂိုးပေါက် စောင့်ကြည့်တဲ့ နည်းတွေ အတည်ပြု ပေးခဲ့ပါတယ်။

ကင်မရာတွေ သုံးမယ့် နည်းနဲ့ ဘောလုံးမှာ ကင်မရာ ဆင်ဆာ ထည့်တဲ့နည်း ဆိုပြီး ရှေ့ဆက် သုံးမယ့် စနစ် နှစ်မျိုးကို နိုင်ငံတကာ ဘောလုံး အဖွဲ့ ဘုတ်ကော်မတီက သတ်မှတ် ပေးခဲ့ပါတယ်။

၂ဝ၁ဝ ကမ္ဘာ့ ဖလား တုန်းက အင်္ဂလန် အသင်းက သွင်းတဲ့ ဂိုးတလုံး အပယ်ခံ ခဲ့ရပြီး နောက်ပိုင်း ဒီစိတ်ကူး ရခဲ့တာလို့ ကမ္ဘာ့ ဘောလုံး အဖွဲ့ ဥက္ကဋ္ဌ ဆပ် ဘတ္တလာက ဆိုပါတယ်။

ဒီနည်းသစ်ကို ဒီဇင်ဘာ လမှာ ဂျပန်မှာ ကျင်းပမယ့် ကလပ် အသင်းတွေရဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲတွေမှာ ပထမဆုံး စသုံးမှာ ဖြစ်ပါတယ်။