လူကုန်ကူးသူ ၈၀၀ တရုတ်မှာ ဖမ်းမိ

  • 6 ဇူလိုင် 2012
China ဓာတ်ပုံ မူပိုင် AP
Image caption ယောက်ျားလေး တွေကို ရောင်းဝယ်တဲ့ စျေးကွက် ဖြစ်နေ တယ်လို့ဆို

တရုတ် နိုင်ငံမှာ ကလေး သူငယ် တွေကို လူကုန်ကူး နေတဲ့ ဂိုဏ်းတခုကို ဖြိုခွင်းတဲ့ စစ်ဆင်ရေး တခု အတွင်း လူ ၈၀၀ ကို ရဲက ဖမ်းဆီး ခဲ့ပြီး ကလေး ၂၀၀ လောက် ကိုလည်း ကယ်ဆယ် ခဲ့တယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

လူကုန်ကူး သူတွေကို နိုင်ငံနဲ့ အဝှမ်း လိုက်လံ ဖမ်းဆီး ခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ပါဝင် ခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့ အများ ပြည်သူ လုံခြုံရေး ဆိုင်ရာ ဝန်ကြီး ဌာနက ဆိုပါတယ်။

လူကုန်ကူးမှု တားဆီးရေး အတွက် ဆောင်ရွက် ရာမှာ မနှစ်တုန်းက အမျိုးသမီးနဲ့ ကလေးသူငယ် ၂၀၀၀၀ ကို ကယ်ဆယ် နိုင်ခဲ့တယ် လို့ တရုတ် အစိုးရက ပြောပါတယ်။

တရုတ် နိုင်ငံရဲ့ မိသား တစု ကလေး တယောက်သာ ယူခွင့် ရှိတယ် ဆိုတဲ့ မူကြောင့် ယောက်ျားလေး တွေကို ရောင်းဝယ်တဲ့ စျေးကွက် ဖြစ်ပေါ် လာနေတယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

အမျိုးသမီး နဲ့ မိန်းကလေးငယ် တွေကိုတော့ ဇနီးမယား အဖြစ် ဒါမှ မဟုတ် အလုပ်သမားတွေ အဖြစ် ရောင်းစားဖို့ ဖမ်းခေါ် တာတွေ ရှိတယ်လို့ လည်းဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ