လစ်ဗျားမဲပစ္စည်းတင် ရဟတ်ယာဉ် ပစ်ခတ်ခဲ့ရ

  • 7 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption မဲပေးပိုစတာတွေကြားက လစ်ဗျား ပြည်သူတဦး

ဗိုလ်မှူးကြီး ကဒါဖီ ပြုတ်ကျပြီးတဲ့နောက်ပိုင်း လစ်ဗျားနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ ပါလီမန် ရွေးကောက်ပွဲ ကျင်းပမယ့် အကြိုနေ့မှာ မဲပစ္စည်းတွေတင်ဆောင်လာတဲ့ ရဟတ်ယာဉ်ကို သေနတ်သမားတွေက ပစ်ခတ်ခဲ့ပါတယ်။

လစ်ဗျားအရှေ့ပိုင်းက ဘန်ဂါဇီ မြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့် လူတဦး သေဆုံးခဲ့တယ်လို့ လစ်ဗျားအစိုးရက ပြောကြားခဲ့ပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်သူတွေက လုပ်ခဲ့တယ်ဆိုတာကိုတော့ မသိရပါပေမယ့် လစ်ဗျားအရှေ့ပိုင်းမှာ အငြိမ်သက်မှု ဖြစ်ပွားနေတဲ့ အချိန်မှာပဲ အခုလို ဖြစ်ပွားခဲ့တာ ပါ။

သူပုန်ဟောင်းတွေကတော့ ရေနံတင်ပို့တဲ့ ပိုက်လိုင်းအနည်းဆုံး ၃ခု နီးပါးကို ပိတ်ပစ်ခဲ့ပြီး ဒီရွေးကောက်ပွဲကို သပိတ်မှောက် နေကြပါတယ်။

အကြောင်းကတော့ ရေနံပေါများတဲ့ လစ်ဗျားနိုင်ငံအရှေ့ပိုင်းကို အခုတက်လာမယ် အစိုးရက ကြီးစိုးသွားမှာ ကို စိုးရိမ်နေကြတာပါ။