ဆီးရီးယား စောင့်ကြည့်အဖွဲ့ လျှော့ချဖို့ အကြံပြု

  • 7 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း

ဆီးရီးယားက ကုလသမဂ္ဂ စစ်ရေးလေ့လာ စောင့်ကြည့်သူတွေကို လျှော့ချသွားပြီး ဆီးရီးယားရဲ့ နိုင်ငံရေးပဋိပက္ခတွေမှာ ကြားဝင်စေ့စပ်မှုတွေကို အရေးပေးလုပ်ဆောင်သွားဖို့ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အကြံပြုတင်ပြလိုက်ပါတယ်။

လေ့လာစောင့်ကြည့်သူတွေဟာ မြို့တော် ဒမတ်စကတ်စ် မှာပဲ အဓိက အခြေစိုက်ပြီး ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေအကြား နိုင်ငံရေး ပြောဆိုမှုတွေဖြစ်လာအောင် အားပေးလုပ်ဆောင်သွားဖို့ လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ မစ္စတာ ဘန်ကီမွန်းက အကြံပြုထားတာဖြစ်ပါတယ်။

ပိုမိုဆိုးရွားလာတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်ဖို့ရောက်လာတဲ့ လက်နက်မဲ့ လေ့လာစောင့်ကြည့်သူတွေအတွက် လုံးဝလက်လျှော့ရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။

ကုလသမဂ္ဂ လုံခြံရေးကောင်စီရဲ့ ဆီးရီးယားအရေး ပြဋ္ဌာန်းချက်တွေဟာ နောက် ၂ ပတ်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဒီအတွက် သက်တမ်းတိုးရေး မတိုးရေးကို လုံခြုံကောင်စီက စဉ်းစားနေပါတယ်။