လစ်ဗျားမှာ ရွေးကောက်ပွဲ ကျင်းပ

  • 8 ဇူလိုင် 2012
libya
Image caption မဲပေးဖို့ လာကြတဲ့ လစ်ဗျား ပြည်သူများ

နှစ်ပေါင်း ၅၀ နီးပါး အတွင်းမှာ ပထဆုံး အကြိမ်အဖြစ် ကျင်းပနေတဲ့ လစ်ဗျား ရွေးကောက်ပွဲမှာတော့ မဲပေးတာတွေ ပြီးဆုံးသွား ပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် အတွင်း နိုင်ငံရဲ့ အရှေ့ပိုင်းမှာ မတည်မငြိမ် ဖြစ်ခဲ့တာတွေ ရှိပါတယ်။ အက်ဂျဒါဘီးယား မြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲ တခုအတွင်း လူ တဉီး အသက်ဆုံး ရှုံးသွားခဲ့ရ ပါတယ်။ အဲဒီ ဒေသအတွင်းက မဲရုံ တချို့ကိုလည်း လုံခြုံရေး ကြောင့် ပိတ်ထား ခဲ့ရပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီကို ဖြုတ်ချ ခဲ့တဲ့ နောက်ပိုင်းမှာ တက်လာခဲ့တဲ့ ကြားဖြတ် အစိုးရ ကို အစားထိုး နိုင်ဖို့ အတွက် အခုလို ရွေးကောက်ပွဲကို ကျင်းပနေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိ လစ်ဗျား ကြားဖြတ် အစိုးရရဲ့ ဝန်ကြီးချုပ် ဖြစ်တဲ့ အဗ္ဗဒဲလ် ရာဟင် အဲလ် ကစ်ဘ် ကတော့ ရွေးကောက်ပွဲမှာ ကိုယ်တိုင် မဲပေးအပြီးမှာ သတင်းထောက် တွေကို ပြောကြား ခဲ့ရာမှာ အခု ရွေးကောက်ပွဲဟာ လစ်ဗျား ပြည်သူတွေ အတွက် အင်မတန် ထိုက်တန်တဲ့ အောင်ပွဲ တရပ် ဖြစ်တဲ့ အကြောင်း၊ ပြည်သူအားလုံး မျှဝေ ခံစား နိုင်ကြဖို့ လိုကြောင်း၊ အခုလည်း ဒီအပျော်တွေကို ခံစား နေကြတဲ့ အကြောင်း၊ ၄၂ နှစ် အဖိနှိပ် ခံခဲ့ရတဲ့ နောက်မှာ ပျော်ရွှင် မှုတွေကို မျှဝေ ခံစား နေကြပြီ ဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိဂ်ကတော့ လစ်ဗျား ပြည်သူတွေ အနေနဲ့ လွတ်လပ်မှုနဲ့ တာဝန်ခံနိုင်မှုတွေ အတွက် သမိုင်းဝင် ခြေလှမ်း တရပ်ကို လှမ်းနိုင်ခဲ့ကြပြီ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။