ကိုဖီအာနန် ဆီးရီးယားရောက်လာ

  • 8 ဇူလိုင် 2012
annan ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား ငြိမ်းချမ်းဖို့ ကြိုးစားနေတဲ့ ကိုဖီအာနန်

ဆီးရီးယား နိုင်ငံ ဆိုင်ရာ နိုင်ငံတကာ အထူး သံတမန် ကိုဖီ အာနန်ဟာ ဆီးရီးယား အရေး တွေကို ဖြေရှင်းဖို့ အတွက် ဒမတ်စကတ်စ် မြို့ကို ရောက်ရှိ လာပါတယ်။

ဒါဟာ သူ့ အဖို့ ဆီးရီးယားကို တတိယ အကြိမ်မြောက် လာရောက် ခြင်းလည်း ဖြစ်ပါတယ်။

စနေနေ့ကတော့ မစ္စတာ အာနန်က ဆီးရီးယား မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု တွေကို ရပ်တန့် နိုင်ဖို့ ရည်ရွယ် ထားတဲ့ သူ့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် တွေဟာ အောင်မြင်မှု မရသေးတဲ့ အကြောင်း ကို ပြောခဲ့ပါတယ်။

ဒီအစီအစဉ် တွေမှာ ဆီးရီးယား အစိုးရ တပ်တွေနဲ့ သူပုန်တွေ ၂ ဘက်စလုံး ကို အပစ်ရပ် ဖို့အတွက် သတ်မှတ် ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးတဲ့ သတင်းပတ် တွေကစပြီး ဆီးရီးယား အတွင်း မှာ တိုက်ခိုက်မှုတွေ အရှိန်မြင့် လာတဲ့ အတွက် ကုလသမဂ္ဂရဲ့ စောင့်ကြည့် လေ့လာသူတွေပါ သူတို့ရဲ့ လုပ်ငန်းစဉ် တွေကို ရပ်ဆိုင်း ထားရတဲ့ အထိ ဖြစ်လာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ