အာဆီယံနဲ့ လူ့အခွင့်အရေး ကော်မရှင် ဆွေးနွေး

  • 8 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်လည်း တက်ရောက်

အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဟာ တနင်္လာနေ့မှာ စတင်မယ့် ထိပ်သီး အစည်းအဝေးပွဲ မတိုင်ခင် တနင်္ဂနွေနေ့ ညနေပိုင်းက ကမ္ဘောဒီယား နိုင်ငံ ဖနွန်ပင်မြို့မှာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင် AICHR ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။

ဒီနှစ်ကုန်လောက်မှာ ထွက်လာဖို့ ရှိတဲ့ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်း မူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြရာ၊ နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်း စည်းကမ်းတွေ အတိုင်း အာဆီယံက အသိအမှတ် ပြုရေးကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ်လို့ အဖွဲ့ဝင် အနိုင်ငံ အများအပြားဟာ သူတို့နိုင်ငံ သူတို့ဒေသရဲ့ ကိုယ်ပိုင် ပြဌာန်းထားချက် အတိုင်း လူ့အခွင့်အရေး အကာကွယ်ပေးမှုတွေကို ဆက်လက် ဆောက်ရွက်ကြမယ့်ပုံ ရှိနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

အာဆီယံ ဆွေးနွေးဖက် နိုင်ငံတွေလည်း တက်ရောက်မယ့် တနင်္လာနေ့ စတင်မယ့် ထပ်သီး ဆွေးနွေးပွဲမှာတော့ တောင်တရုတ် ပင်လယ်က ရေပိုင်နက် အငြင်းပွားနေတဲ့ ကိစ္စရပ်ကို အဓိက ဆွေးနွေးကြဖို့ရှိပါတယ်။

ဒီကိစ္စရပ်ဟာ ဒေသတွင်း လုံခြုံရေး အတွက် စိန်ခေါ်မှု တရပ် ဖြစ်လိမ့်မယ်လို့ အာဆီယံ အဖွဲ့ အတွင်းရေးမှူး ဆူရင် ပစ်ဆုဝမ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ