အီဂျစ်သမ္မတသစ် လွှတ်တော်ခေါ်မိန့် ပယ်ချခံရ

  • 9 ဇူလိုင် 2012
အီဂျစ်ပါလီမန်မြင်ကွင်း ဓာတ်ပုံ မူပိုင် AP

အီဂျစ်ပါလီမန် ပြန်စတင်အသက်ဝင်ဖို့ သမ္မတသစ် Mohamed Morsiရဲ့ ထုတ်ပြန်လိုက်တဲ့ အမိန့်ဒီကရီကို အခြေခံဥပဒေဆိုင်ရာ အီဂျစ်တရားရုံးချုပ်က ပယ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ လက ပါလီမန်ဖျက်သိမ်းဖို့ ထုတ်ပြန်တဲ့အမိန့်ဟာ ဆက်လက် အာဏာတည်နေပြီး အယူခံဝင်လို့မရဘူးလို့ ရုံးတော် ကဆုံးဖြတ်ချက်မှာ ဖေါ်ပြထားပါတယ်။

စောစောပိုင်းကတော့ ပါလီမန်ကို လုံခြုံရေး ယူထားတဲ့ စစ်တပ်ကဖယ်ပေးလိုက်လို့ အမတ်တွေအဆောက်အဦးထဲဝင်ခွင့်ရခဲ့ပါတယ်။ မနက်ဖန်အင်္ဂါနေ့ လွှတ်တော်ပြန်ကျင်းပဖို့ လွှတ်တော် သဘာပတိက တောင်းဆိုခဲ့ပါတယ်။ တရားရုံးချုပ်ဆုံးဖြတ်ချက်အရ လွှတ်တော်ကို ဖျက်သိမ်းလိုက်တဲ့ စစ်ကောင်စီနဲ့ သမ္မတသစ်တို့အကြား နိုင်ငံရေး ရင်ဆိုင်မှုသစ်တခုကို အီဂျစ်နိုင်ငံရေးမှာ ဦးတည်နေတဲ့သဘော ဖြစ်နေပြီလို့ ကိုင်ရိုရှိဘီဘီစီသတင်းထောက်က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ