အကြမ်းဖက်မှုနဲ့ လူ ၃ယောက် တရားစွဲ

  • 10 ဇူလိုင် 2012
uk terror
Image caption အိုလံပစ် ပွဲနီးလာလို့ ဗြိတိသျှ ရဲတွေ တပ်လှန့်ထား

ဘာမင်ဟမ် က လူ ၃ ယောက်ကို အကြမ်းဖက် မှု ပုဒ်မတွေနဲ့ စွဲဆို ထားပြီး ကနေ့ အင်္ဂါနေ့ မှာ ရုံးထုတ်မယ်လို့ ဗြိတိသျှ ရဲက ပြောကြား ပါတယ်။

၂၃ က ၂၇ နှစ်ကြား အမျိုးသား ၃ ယောက်ကို အကြမ်းဖက် မှု ကျူးလွန်ဖို့ ကြံစည်တယ် ဆိုပြီး စွဲဆို ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်း တမျိုး အကြမ်းထည် ထုတ်လုပ်မှု၊ အကြံအစည် အတွက် သေနတ်နဲ့ မော်တော် ယာဉ်တွေ လက်ဝယ် ထားရှိမှု တွေနဲ့လဲ စွဲဆို ထားပါတယ်။

အရင် သီတင်းပတ်က တခြား လူ ၄ ယောက်နဲ့ အတူ ဒီလူ ၃ ယောက်ကို ဖမ်းဆီး ခဲ့တာ ဖြစ်ပြီး ကျန်တဲ့ သူတွေကို ထိန်းသိမ်း ထားဆဲ ဖြစ်ပါတယ်။