အီဂျစ် သမ္မတသစ်နဲ့ စစ်ကောင်စီ အားပြိုင်

  • 10 ဇူလိုင် 2012
Egypt Parliament ဓာတ်ပုံ မူပိုင် s
Image caption စစ်ကောင်စီ ရဲ့ တားမြစ်မှုကြားက အီဂျစ် ပါလီမန် ပြန်စ

အီဂျစ် နိုင်ငံမှာ ပါလီမန် လွှတ်တော် ဖျက်သိမ်းဖို့ စစ်ကောင် စီက အမိန့် ပေးထား တဲ့ကြား ကပဲ အီဂျစ်သမ္မတ မော်စီက ပါလီမန် အစည်းအဝေး ပြန်ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် လွှတ်တော် ကျင်းပ ချိန်က ၅မိနစ်လောက်ပဲ ကြာခဲ့ပါတယ်။

ပါလီမန် လွှတ်တော် ဥက္ကဌ ဆာ့တ် အယ်လ် အာတာနီက တော့ အခုလို ပါလီမန် ခေါ်ယူတာဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုကန့်ကွက်ဖို့ မဟုတ်ပဲ ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖေါ် ဆောင်ရွက်နိုင်မယ့် နည်းလမ်း တွေကို ဆွေးနွေး ဖို့သာ ဖြစ်တယ်လို့ ပြောသွားပါတယ်

အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံး ချုပ်ရဲ့ အမိန့်နဲ့ ပါလီမန် ဖျက်သိမ်းဖို့ စစ်ကောင်စီက ညွန်ကြား ထားတာကို ဖီဆန်ပြီး အခုလို လွှတ်တော် ခေါ်ယူခဲ့ တာဟာ ဘယ်လောက် တရားဝင်သလဲ ဆိုတာနဲ့ ပတ်သက်လို့ နောက်ထပ် တရားရုံး ဆုံးဖြတ်ချက်တွေ ဒီကနေ့ နှောင်းပိုင်းမှာ ထပ်ထွက် လာမယ်လို့ ယူဆရပါတယ်။ ဒါဟာ သမ္မတ မော်စီ အာဏာ ရခဲ့ပြီး ကတည်းက စစ်တပ်နဲ့ သမ္မတ အကြား ပထမဆုံး အကြိမ် ထိပ်တိုက် တွေ့ကြ တာလည်း ဖြစ်ပါတယ်။

ဒီတော့ စစ်တပ်က အာဏာ လွှဲပေး အပြီး စစ်တပ်နဲ့ သမ္မတ မော်စီ ဦးဆောင်တဲ့ Muslim Brotherhood အစိုးရ အကြား အခု နောက်ဆုံး နိုင်ငံရေး အားပြိုင်မှုနဲ့ ပတ်သက်လို့ဘီဘီစီ အာရပ် ဌာနက အယ်ဒီတာ Akram Shaban Abdou ကတော့ အီဂျစ် နိုင်ငံမှာ အရေး ပါတဲ့ အာဏာ တွေကို စစ်ကောင်စီက ယူထား တယ် ဆိုတာ လူတိုင်း အသိပါလို့ ဆိုပါတယ်။

အခု အခါမှာ သမ္မတ မော်စီ အနေနဲ့ သူ့ရဲ့ Muslim Brotherhood ပါတီကရော ပြည်သူ အများစု ဆီကပါ ထောက်ခံ အားပေးမှုတွေ ရနေပြီး လုပ်ပိုင်ခွင့် အာဏာတွေကို ရနိုင်သမျှ ပြန်ရ နိုင်အောင် ကြိုးပမ်း နေတာ တွေ့ရပါတယ်။ အခုလို သမ္မတ မော်စီက ပါလီမန် လွှတ်တော် ပြန် ကျင်းပ ခဲ့တာဟာ တရားဝင်မှု အာဏာကို စစ်ကောင်စီ ဆီက နေ ပါလီမန်ကို ပြန်လွှဲ ပေးဖို့ လုပ်ခဲ့ တာလို့ အများက မြင်ကြတယ်လို့ ဘီဘီစီ အာရပ် ဌာနက အယ်ဒီတာ Akram Shaban Abdou က သုံးသပ်ပါတယ်။

တခါ အခုလို ပါလီမန် ပြန်ကျင်းပတာကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ဒီကနေ့ နှောင်းပိုင်းမှာပဲ တာဟီရာ ရင်ပြင်မှာ လူသန်းနဲ့ချီ လာရောက် စုဝေးဖို့ သမ္မတ မော်စီရဲ့ Muslim Brotherhood က စီစဉ်နေသလို ဒီကိစ္စကို ဆန့်ကျင် ကန့်ကွက်တဲ့ သူတွေကလည်း သမ္မတ အိမ်တော် အပြင်ဘက်မှာ စုဝေး ဆန္ဒပြကြဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ လူသန်းနဲ့ချီ စုဝေး ဆန္ဒပြဖို့ စီစဉ်တာဟာ သမ္မတ မော်စီအနေနဲ့ သူ့ကို ထောက်ခံ အားပေးမှု ဘယ်လောက်ရှိသလဲဆိုတာကို ပြဖို့ လုပ်တာပါ။

ဒါပေမယ့် အီဂျစ်နိုင်ငံမှာ Muslim Brotherhood ပါတီကို မထောက်ခံတဲ့ ပျော့ပြောင်း လွတ်လပ်တဲ့ သဘောထား ရှိသူ တွေကလည်း အများကြီး ရှိနေပါတယ်။ဒီတော့ စီစဉ်ထား သလို ဒီစုဝေး ထောက်ခံပွဲမှာ လူသန်း နဲ့ချီ လာမယ် ဆိုရင်တော့ သမ္မတ အတွက် အတော့်ကို အားတောင့်တင်း သွားစေမှာ ဖြစ်ပါတယ် ဒါပေမယ့် တွက်ထား သလို လူတွေ မလာဘူး ဆိုရင်တော့ သမ္မတ အတွက် အတော်လေး သိက္ခာကျ စရာ ကောင်းမှာ ဖြစ်သလို သူ့အ ပေါ်လည်း အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံးက ဖိအားပေး မှုတွေနဲ့ ပို ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဒါကြောင့် လူဘယ်လောက် လာသလဲ ဆိုတာ စောင့်ကြည့် ရမှာပါလို့ အယ်ဒီတာ Akram Shaban Abdouက သုံးသပ် သွားပါတယ်။