ကွန်ဂို စစ်ခေါင်းဆောင်ဟောင်းကို ICC က ထောင်ဒဏ်ပေး

  • 10 ဇူလိုင် 2012
Thomas Lubanga ဓာတ်ပုံ မူပိုင် AP
Image caption သောမတ်စ် လူဘန်ဂါ

နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ဟာ ပထမဆုံးအကြိမ်ထောင်ချမှု တခုအဖြစ် ကွန်ဂို ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် သောမတ်စ် လူဘန်ဂါဟာ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်အတွင်း ကွန်ဂို အရှေ့ပိုင်းက ပဋိပက္ခတွေအတွင်းမှာ ကလေးစစ်သား သုံးစွဲမှုနဲ့ အပြစ်ရှိတယ်လို့ မတ်လအတွင်းကပဲ ICC က ဆုံးဖြတ်ခဲ့ပါတယ်။

လူဘန်ဂါဟာ ကွန်ဂို ပဋိပက္ခအတွင်း ကွန်ဂို မျိုးချစ်များ သမဂ္ဂ အုပ်စုကို ခေါင်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အသက် ၁၁ နှစ်ထိတောင် ငယ်တဲ့ ကလေးတွေကို ပြန်းပေးဆွဲပြီး ကလေးစစ်သားအဖြစ် အသုံးပြုခဲ့သလို မိန်းကလေးတွေကိုလည်း ပြည့်တန်ဆာ အဖြစ် သွတ်သွင်းခဲ့တယ်လို့ တရားလို ရှေ့နေတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ