ဆရက် ဘရက် နီစာ လူသတ်ပွဲ ၁၇ နှစ် ပြည့်

  • 11 ဇူလိုင် 2012
A relative of Srebrenica victim ဓာတ်ပုံ မူပိုင် AP
Image caption အလောင်း တွေကို ပြန်တူးဖော်ပြီး မြေမြှုပ် သဂြိုလ် ခဲ့

ဘော့စနီးယား နိုင်ငံ Srebrenica ဆရက် ဘရက်နီစာ မြို့မှာ လွန်ခဲ့တဲ့ ၁၇ နှစ်က အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံခဲ့ ကြရသူ လူပေါင်း ၅၀၀ ကျော်ရဲ့ အလောင်း တွေကို ပြန်လည် မြှုပ်နှံ သဂြိုလ်တဲ့ အခမ်း အနားကိုလူတွေ အမြောက် အများ တက်ရောက် ခဲ့ကြ ပါတယ်။

ဝေးလံ ခေါင်ဖျား ဒေသမှာ အမှတ်အသား မရှိ စုပုံ မြေမြှုပ် ထားခဲ့တဲ့ သူတို့ရဲ့ ရုပ် အလောင်း တွေကို တစ်လောင်းချင်း ပြန်လည် တူးဖော် ပြီးတဲ့နောက် ခေါင်းတွေ ထဲမှာ ပြန်ထည့်၊ အပေါ်ကနေ အဝတ်စိမ်း လွှမ်းခြုံပြီး ပြန်လည် မြေမြှုပ်ခဲ့ တာပါ။

လွန်ခဲ့တဲ့ ၁၇ နှစ်က ဇူလိုင်လ ၁၁ ရက်နေ့မှာ ဘော့စနီးယား ဆာ့ဗ် တပ်ဖွဲ့တွေက ဆရက် ဘရက်နီစာ မြို့ ဝန်းကျင်က မွတ်ဆလင် အမျိုသားနဲ့ လူငယ် ယောက်ျားလေး ၇ ထောင် လောက်ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အသုဘ အခမ်း အနားကို တက်ရောက် ခဲ့ကြ သူ အတော် များများဟာ သေဆုံး သွားသူ တွေရဲ့ဆွေမျိုး သားချင်း တွေဖြစ်ကြ ပါတယ်။

ဘော့စနီးယား ဆာဗ် ခေါင်းဆောင်ဟောင်း တွေ ဖြစ်ကြတဲ့ ရာဒိုဗန် ကရာဒစ်ချ် Radovan Karadzic နဲ့ ရတ်ကို မလားဒစ်ချ် Ratko Mladic တို့ နှစ်ယောက်ကို လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ The Hague မြို့က နိုင်ငံတကာ တရားရုံးမှာ ကြားနာ စစ်ဆေး နေပါတယ်။

နှစ်ယောက် စလုံးက စွဲချက် တွေကို ငြင်းဆိုထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ