ကွန်ဂို သူပုန်တွေ ကုလ နှိမ်နင်း

  • 13 ဇူလိုင် 2012
congo ဓာတ်ပုံ မူပိုင် AFP
Image caption သူပုန်တွေ ရန်က ပြည်သူတွေကို ကုလ ကာကွယ်

ကွန်ဂို အရှေ့ပိုင်းက တွတ်ဆီ သူပုန် တွေကို ကုလ သမဂ္ဂ ရဟတ်ယာဉ် တွေက လိုက်လံ ပစ်ခတ် ခဲ့ပါတယ်။

အမ် ၂၃ သူပုန် တွေကို ရဝမ်ဒါ နယ်စပ်နားက ဂိုမာ မြို့ မြောက်ဘက်မှာ တိုက်ခိုက် ခဲ့တာလို့ ကုလ အရာရှိ တယောက်က ပြောကြား ပါတယ်။

ကွန်ဂိုမှာ ကုလ တပ်တွေက ဒီလို ထိုးစစ် ဆင်တာမျိုး လုပ်ခဲတယ်လို့ သတင်း ထောက် တွေက ဆိုပါတယ်။

အရင် အပတ် ယူဂန်ဒါ နယ်စပ်က ကုလ သမဂ္ဂ စခန်း တခုကို သူပုန် တွေ ဝင်စီးလို့ ငြိမ်းချမ်းရေး တပ်သား တယောက် သေဆုံး ခဲ့ပါတယ်။

ရဝမ်ဒါက ဒီသူပုန် တွေကို ထောက်ပံ့ နေတယ်လို့ ကုလ သမဂ္ဂက စွပ်စွဲ ပေမယ့် ရဝမ်ဒါ သမ္မတ ကာဂါမီက ဒီသူပုန် တွေနဲ့ မသက်ဆိုင်ကြောင်း ဘီဘီစီကို ငြင်းဆို ခဲ့ပါတယ်။