တောင်တရုတ် ပင်လယ်အရေး အာဆီယံ သဘောထားကွဲ

  • 13 ဇူလိုင် 2012
အာဆီယံ ဓာတ်ပုံ မူပိုင် AFP
Image caption အငြင်းပွား နယ်မြေကိစ္စ အာဆီယံ ကပိုပြီး ပါဝင်ဖို့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်က လိုလားနေ

တောင်တရုတ် ပင်လယ်မှာ တရုတ် နိုင်ငံက သူပိုင် နယ်မြေ အဖြစ် ပြောနေတဲ့ ဒေသတွေ အတွက် အငြင်းပွား မှုကို ဘယ်လို ဖြေရှင်း မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေ ကြားမှာ သဘော တူညီချက် မရနိုင်ဘဲ ဖြစ်နေ ပါတယ်။

အာဆီယံ ဆယ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ကမ္ဘောဒီးယား နိုင်ငံမှာ တွေ့ဆုံ စည်းဝေးကြ အပြီးမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကြေညာချက် ထွက်ပေါ် လာခြင်း မရှိပါဘူး။

ဖိလစ်ပိုင် နိုင်ငံက Scarborough Shoal လို့ ခေါ်တဲ့ ကျွန်းစု တွေနဲ့ ပတ်သက် ပြီး တရုတ်နိုင်ငံ နဲ့ ထိပ်တိုက် ရင်ဆိုင် မှုတွေ ဖြစ်နေတဲ့ ပြဿနာကို မကိုင်တွယ် နိုင်တဲ့ အတွက် အာဆီယံကို ရှုတ်ချ ခဲ့ပါတယ်။

တရုတ်နဲ့ ရင်းနှီးတဲ့ ကမ္ဘောဒီးယား နိုင်ငံက ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး လုံးဝ တင်ပြလို့ မရအောင် တားဆီးခဲ့ တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲ ခဲ့ပါတယ်။

တရုတ်ဖက်က နယ်မြေသတ်မှတ် မှုတွေကို အဓိက ဆန့်ကျင် နေတဲ့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတွေက ဒီပြဿနာကို နိုင်ငံအချင်းချင်း ကြားမှာဘဲ ဖြေရှင်း သင့်တယ် ဆိုတဲ့ တရုတ်ဖက်က အဆိုကို အာဆီယံ က လက်မခံဖို့ လိုလား နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ