လန်ဒန် လေယာဉ် မပျံသန်းရ ဇုန် ကြေညာ

  • 14 ဇူလိုင် 2012
olympics ဓာတ်ပုံ မူပိုင် AP
Image caption မနာခံတဲ့ ဘယ်လေယာဉ်ကို မဆို ပစ်ချ ပိုင်ခွင့် ရှိ

လန်ဒန်မှာ အိုလံပစ် ပြိုင်ပွဲ ကျင်းပဖို့ ၂ ပတ် အလိုမှာ ပဲ လေယာဉ် မပျံသန်းရ ဇုန်ကို သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ်။

ဒီနယ်မြေ ထဲ ၀င်လာပြီး ထွက်သွားဖို့ သတိပေး တာကို မနာခံတဲ့ ဘယ်လေယာဉ်ကို မဆို လေတပ်က ပစ်ချ ပိုင်ခွင့် ရှိပါတယ်။

လန်ဒန် မြို့လယ်နဲ့ အိုလံပစ် ပွဲလုပ်မယ့် အရှေ့ပိုင်းမှာ ဘယ်လေယာဉ်မှ ခွင့်ပြုမိန့် မရဘဲ ဖြတ်သန်း လို့ မရတော့ပါဘူး။

အစိုးရ အမြင့်ဆုံး အဆင့် ကမှ ပစ်ခတ်မိန့် ပေးမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ