BBC navigation

ပြည်ပငွေယူတဲ့ အဖွဲ့တွေကို ရုရှ ကန့်သတ်

နောက်ဆုံး ရေးသားချိန် 14 ဇူလိုင်လ 2012 - 01:52 GMT
russia duma

အတိုက်အခံ တွေကို ချေမှုန်းဖို့ ပြဋ္ဌာန်း တာလို့ ဝေဖန်

ပြည်ပ ထောက်ပံ့ငွေ လက်ခံတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းတွေကို နိုင်ငံခြား အဆက်ရှိသူ အဖြစ် မှတ်ပုံတင် ခိုင်းတဲ့ ဥပဒေကို ရုရှ အောက်လွှတ်တော်က မဲပေး အတည်ပြု လိုက် ပါတယ်။

ရုရှကို ပြည်ပ စွက်ဖက်မှု က ကာကွယ်ရမယ်လို့ အစိုးရက ဆိုပါတယ်။

အတိုက်အခံ တွေကို ချေမှုန်း ဖို့ ပြဋ္ဌာန်း တာလို့ ဝေဖန် ကြပါတယ်။

ရုရှ တွေဟာလဲ တခြား နိုင်ငံသား တွေလိုပဲ ကြားနာ ခုခံပိုင်ခွင့် နဲ့ ထိုက်တန်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောကြား ပါတယ်။

ရုရှက အမေရိကန်ကို ဝင်ရောက် ခြေရှုပ် နေတယ်လို့ ပြန်လည် စွပ်စွဲ ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။