အာဖဂန် အသေခံ ဗုံးခွဲမှု စုံစမ်း စစ်ဆေးမယ်

  • 14 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AFP
Image caption တာလီဘန်တွေ ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာ မဟုတ်ဘူးကြောင်း ငြင်းဆို ထားပါတယ်

အာဖဂန်နစ္စတန် နိုင်ငံမှာ အထင်ကရ နိုင်ငံရေး သမား တဦး သေဆုံးသွားခဲ့ရတဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှုကို အဆင့်မြင့် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ သမ္မတ ဟာမစ် ခါဇိုင်းက အမိန့် ထုတ်ပြန် လိုက် ပါတယ်။

သေဆုံးသွားသူဟာ စမန်ဂန် ပြည်နယ် ထောက်လှမ်းရေး အကြီးအကဲ ဖြစ်တဲ့ မစ္စတာ မိုဟာမတ် ခန်း စမန်ဂနီ ဖြစ်ပါတယ်။

သူ့သမီး လက်ထပ် ထိမ်းမြား ပွဲမှာ မစ္စတာ စမန်ဂနီ ဟာ ဧည့်သည်တွေကို လိုက်လံ နှုတ်ဆက် နေချိန်၊ အသေခံ ဗုံးသမားက သူ့ကို ဖက်ပြီးနှုတ်ဆက်ကာ ဗုံးကို စနတ်တန် ဖြုတ်လိုက်တာ ဖြစ်ပါတယ်။

အာဖဂန် တောင်ပိုင်း စစ်ရဲတပ်ဖွဲ့ ပြောခွင့်ရသူက မစ္စတာ စမန်ဂနီ သေဆုံး သွားတယ် ဆိုတာကို အာဖဂန် ရုပ်မြင်သံကြားကို အတည်ပြု ပြောကြား သွားပါတယ်။

တနယ်တည်းသား လူပေါင်း ၂၃ ယောက်လည်း သေဆုံးသွားကြောင်းလည်း သူက ရှင်းပြသွားပါတယ်။

မစ္စတာ စမန်ဂနီဟာ အုဇဘတ် လူမျိုး ဖြစ်ပြီး၊ အရင်တုန်းကတော့ သူဟာ ပြည်သူ့စစ် တပ်မှူးတဦး ဖြစ်ခဲ့ဘူးပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေး သမားတဦး အနေနဲ့ ရွေးကာက် တက်မြောက် ခံခဲ့ရတာပါ။

တာလီဘန်တွေ ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ လုပ်မတာ မဟုတ်ဘူးလို့ ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ