ထရမ်ဆာတိုက်ခိုက်မှု သူပုန်တွေကို ပစ်မှတ်ထားခဲ့

  • 15 ဇူလိုင် 2012
tremseh_syria ဓာတ်ပုံ မူပိုင် AP
Image caption ထရမ်ဆာက ထိခိုက် ဒဏ်ရာရသူ တဉီး

ဆီးရီးယား နိုင်ငံက ထရမ်ဆာမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြီးမှာ အစိုးရ တပ်တွေဟာ စစ်တပ်ကနေ ဘက်ပြောင်း ခဲ့ကြတဲ့ တပ်ပြေး တွေနဲ့ အတိုက်အခံတွေကို ပစ်မှတ်ထား ခဲ့တာလို့ ဆီးရီးယား မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

အစိုးရတပ်တွေ ဘက်က အမြှောက်ကြီးတွေ အပါအဝင် လက်နက်ကြီးတွေ သုံးပြီး တိုက်ခိုက် ခဲ့ကြတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒီ ကြာသပတေး နေ့က တိုက်ခိုက်မှုကြီးကို အတိုက်အခံတွေက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီး ဖြစ်တယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် လက်နက်မကိုင်တဲ့ အပစ်မဲ့ အရပ်သား တွေ အများအပြား သေဆုံးခဲ့ရတာကို တော့ အထောက်အထား တွေမပြခဲ့ကြပါဘူး။

ဆီးရီးယား အစိုးရ ကလည်း သူတို့ ဘက်က သူပုန်တွေကို ပစ်မှတ်ထား ခဲ့တာ ဖြစ်ပြီး အရပ်ပြည်သူ တွေကို ပစ်မှတ် မထားခဲ့တာကို ပြသတဲ့ အနေနဲ့ အဲဒီ ထရမ်ဆာမှာ ဖမ်းမိခဲ့တဲ့ သူတွေကို အကြမ်းဖက် သမားတွေဆိုပြီး ရုပ်မြင်သံကြား ပေါ်မှာ ပြသသွား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ