အီဂျစ်ကို ကာကွယ်သွားဖို့ တန်တာဝီပြော

  • 15 ဇူလိုင် 2012
_tantawi_clinton ဓာတ်ပုံ မူပိုင် Getty
Image caption ဗိုလ်ချုပ်ကြီး တန်တာဝီနဲ့ ဟီလာရီ ကလင်တန် တွေ့ဆုံ

အီဂျစ် စစ်ကောင်စီရဲ့ အကြီးအကဲက အီဂျစ် စစ်တပ်ဟာ အီဂျစ် နိုင်ငံကို ကာကွယ်ဖို့ လိုအပ်လာရင် ဘယ်သူရဲ့ တားဆီးမှုကိုမှ လက်ခံမှာမဟုတ်ဘူး လို့ဆိုလိုက်ပါတယ်။

ဖီးလ်ဒ်မာရှယ်လ် ဟူစိန် တန်တာဝီက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့ပြီး မကြာခင်မှာဘဲ ဒီလို မှတ်ချက်ပေး ပြောကြား လိုက်တာ ဖြစ်ပါတယ်။

သူတို့ နှစ်ဉီး တွေ့ဆုံ ခဲ့စဉ်မှာ မစ္စစ် ကလင်တန်က အီဂျစ် စစ်တပ်ကို အရပ်သား အုပ်ချုပ်ရေးကို ကူးပြောင်းစဉ်မှာ ဆောင်ရွက်ရမယ့် တာဝန်တွေကို သေချာ ထမ်းဆောင် ပေးသွားဖို့ကို အလေးပေး ပြောကြား ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

ပြီးခဲ့တဲ့ နှစ်က သမ္မတ ဟော့စနီ မူဘာရက် ပြုတ်ကျအပြီး တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီက ရွေးကောက်ပွဲတွေ ကျင်းပပေး နိုင်ခဲ့လို့ အခုတော့ မွတ်စလင် ညီအစ်ကိုများ အဖွဲ့က မိုဟာမက် မော်ဆီ သမ္မတ ဖြစ်လာခဲ့ ပေမယ့်လည်း ဒီစစ်ကောင်စီကို အာဏာကို ဆွဲကိုင် ထားဖို့ ကြိုးစား နေတယ်လို့ ဝေဖန်မှုတွေ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ