လန်ဒန်အိုလံပစ် အားကစားသမားတွေ ရောက်ရှိ

  • 16 ဇူလိုင် 2012
အိုလံပစ်ပွဲတော်ကျင်းပမယ့် အဓိက အားကစားကွင်းကြီး ဓာတ်ပုံ မူပိုင် AP
Image caption အိုလံပစ်ပွဲတော် ကျင်းပမယ့် အဓိက အားကစားကွင်းကြီး

လန်ဒန်အိုလံပစ်ပွဲတော်ကြီးဖွင့်ပွဲ စတင်ဖို့၁၁ရက်အလိုမှာ အားကစားသမားတွေ အသင်းအုပ်ချုပ်သူတွေ လန်ဒန်မြို့တော်ကို တဖွဲဖွဲ ဆိုက်ရောက်လျက်ရှိပါတယ်။ တနင်္လာနေ့တရက်ထဲမှာဘဲ Heathrow လေဆိပ်က ခရီးသည် ၁သိန်း၂သောင်းကျော် လာရောက်ဖို့မျှော်လင့်ပြီး ကြိုတင် ပြင်ဆင်ထားပါတယ်။

လန်ဒန်မြို့တော်ဝန် Boris Johnsonကတော့ ရန်ကုန်မြို့တော်ဟာ အားလုံးအဆင်သင့်ဖြစ်နေပြီး နိုင်ငံတကာ အိုလံပစ်ကော်မတီကလည်း အားကစားကွင်းတွေ အချိန်မီပြီးအောင် အစွမ်းကုန်လုပ်နေတယ်လို့ ပြောပါတယ်။ အိုလံပစ်ပွဲတော် တက်ရောက်မယ့် ကိုယ်စားလှယ်တွေ အားကစားသမားတွေဟာ အိုလံပစ်အားကစားရွာကို သွားဖို့ အခြားယာဉ်တွေကို ပိတ်ထားတဲ့ အထူးလမ်းကနေ ပထမဆုံးအကြိမ် သွားရောက်ကြပါတယ်။ အခုလိုဆောင်ရွက်လို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ အားကစား ပြိုင်ပွဲတွေမှာ ကန့်သတ်ထားတဲ့ ဆေးဝါးသုံးစွဲမှု ရှိမရှိစမ်းသပ်တဲ့ ဓါတ်ခွဲခန်း တွေလည်း ဒီကနေ့စတင် လည်ပတ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ