HSBC အမှုဆောင် လူကြီးတွေကို ဆီးနိတ်မှာ ကြားနား စစ်ဆေးမယ်

  • 17 ဇူလိုင် 2012
Image caption HSBC အမှုဆောင် လူကြီးတွေဟာ ဘဏ်ရဲ့ အားနည်းချက်တွေ အတွက် တောင်းပန် လိမ့်မယ်လို့ မျှော်လင့်ရ

ကမ္ဘာ့အကြီးဆုံး ဘဏ်တခုဖြစ်တဲ့ HSBC ဘဏ်ကြီးရဲ့ ထိပ်တန်း အမှုဆောင် လူကြီးတွေဟာ အမေရိကန် ဆီးနိတ် အထက်လွှတ်တော် ကော်မတီ တခုရှေ့မှာ ကြားနား စစ်ဆေးခံရဖို့ ရှိပါတယ်။

ဗြိတိသျှပိုင် ဒီဘဏ်ကြီးကြောင့် အမေရိကန် ပြည်ထောင်စုဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ဂိုဏ်းတွေ နဲ့ အကြမ်းဖက် သမားတွေရဲ့ အန္တရာယ် ရှိခဲ့ပြီး ဒါဟာ လက်ခံနိုင်စရာ မရှိဘူး လို့ ဆီးနိတ် လွှတ်တော်ရဲ့ အစီရင်ခံစာ တခုမှာ စွပ်စွဲထားပါတယ်။

မက္ကဆီကို ဘဏ်တွေကနေ ဒေါ်လာ ဘီလျံနဲ့ချီ ငွေ အလွှဲအပြောင်း လုပ်တာ အပါအဝင်၊ ငွေခဝါချမှုတွေကို HSBC အမေရိကန် ဘဏ်ခွဲ အနေနဲ့ မတားဆီး နိုင်ခဲ့ဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

HSBC အမှုဆောင် လူကြီးတွေဟာ အခုလို ဘဏ်ကြီးရဲ့ အားနည်းချက်တွေ အတွက် ဝန်ခံပြီး အပြည့်အဝ တောင်းပန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

စုံစမ်း စစ်ဆေးချက်တွေ အရ HSBC မက္ကဆီကို ဘဏ်ခွဲကနေ အမေရိကန်ကို ၂ နှစ် အတွင်း ဒေါ်လာ ၇ ဘီလျံ ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ အဲဒီထဲက တချို့ ငွေတွေဟာ မူးယစ် ဆေးဝါး မှောင်ခို ရောင်းဝယ်လို့ ရတဲ့ ငွေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ