အစ္စရေး ခရီးသည်တင် ဘတ်စ် ဗုံးကွဲ

  • 19 ဇူလိုင် 2012
bulgaria ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေး ခရီးသည် တွေ ပါတဲ့ ဘတ်စ်ကား ဗုံးကွဲ

ဘူလ်ဂေးရီးယား နိုင်ငံမှာ အစ္စရေး လူမျိုး ကမ္ဘာလှည့် ခရီးသည် တွေ ပါတဲ့ ဘတ်စ်ကား ဗုံးကွဲမှု ကြောင့် လူ ၆ ယောက် အနည်းဆုံး သေဆုံးပြီး ၃ဝ ကျော် ဒဏ်ရာ ရသွားပါတယ်။

ပင်လယ်နက် ကမ်းခြေက ဘားဂတ်စ် အပန်းဖြေ စခန်း လေဆိပ်မှာ ပေါက်ကွဲ ခဲ့တာပါ။

ဘတ်စ်ကားပေါ် လူတယောက် တက်လာပြီးနောက် ချက်ချင်း ဆိုသလို ပေါက်ကွဲ ခဲ့တာလို့ မျက်မြင်တွေက အစ္စရေး ရုပ်သံကို ပြောကြား ပါတယ်။

သက်သေ သက္ကာယ တွေက အီရန် လက်ချက်လို့ ပြနေကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က ပြောကြား ခဲ့ပြီး အင်အားသုံး တုံ့ပြန် သွားမယ်လို့ ဆိုပါတယ်။

ဘူလ်ဂေးရီးယား ကို ဘတ်စ်ကားနဲ့ လာတဲ့ အစ္စရေး ခရီးသည် တွေအတွက် လုံခြုံရေး တိုးမြှင့် ပေးဖို့ အစ္စရေး က ဇန်နဝါရီ လက တောင်းဆို ခဲ့တယ်လို့ သတင်း ရရှိ ပါတယ်။