ကင်ဂျုံအွန်း စစ်ဦးစီးချုပ် တာဝန်ယူ

  • 18 ဇူလိုင် 2012

မြောက်ကိုရီးယား နိုင်ငံရဲ့ ခေါင်းဆောင် ကင်ဂျုံအွန်းဟာ စစ်တပ် ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာဝန် ရယူ လိုက်ပြီလို့ နိုင်ငံပိုင် ရေဒီယိုက ကြေညာလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ခေါင်းဆောင် ပိုင်း အပြောင်း အလဲ လုပ်ခဲ့

ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးကို ရာထူး ကနေ ထုတ်ပစ် ခဲ့တဲ့ စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်း အလဲ ပြုလုပ်ခဲ့ ပြီး တဲ့နောက် မနှစ်က ကွယ်လွန် ခဲ့သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်ရဲ့ သား ခေါင်းဆောင်သစ် ကင် ဂျုံအွန်းက ဒီရာထူးကို ရယူလိုက် တာပါ။

ခေါင်းဆောင်ဟောင်း ကင်ဂျုံအီလ်နဲ့ ရင်းနီးသူ လို့ ယူဆကြတဲ့ ဗိုလ်ချုပ်ကြီး ရီယောင်ဟို Ri Yong-ho ကို တနင်္ဂနွေ နေ့က ရာထူး ကနေ ဖယ်ရှား ပစ်ခဲ့ ပါတယ်။

အခု အပြောင်း အလဲ တွေဟာ ဖခင် ရဲ့ အရိုက် အရာကို ရယူခဲ့သူ မြောက်ကိုရီးယား ခေါင်းဆောင်သစ် အနေနဲ့ အစိုးရ အဖွဲ့မှာ သြဇာ အာဏာ ရှိမှုကို ပြသတဲ့ လက္ခဏာပဲလို့ ကျယ်ကျယ် ပြန့်ပြန့် ရှုမြင် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ