စစ်ရုံးကို ဆီးရီးယား သူပုန် ဖောက်ခွဲခဲ့ ကြေညာ

  • 19 ဇူလိုင် 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဒမတ်စကပ် မြို့ထဲမှာ ကျီးလန့်စာစား မတည်ငြိမ်တော့

ဆီးရီးယား ထိပ်တန်း အစိုးရ အဖွဲ့ဝင်တွေ သတ်ဖြတ် ခံရမှုကြောင့် သမ္မတ အာဆတ် အစိုးရရဲ့ ချုပ်ကိုင် နိုင်မှု ကျဆင်း နေပြီလို့ အမေရိကန် ဘက်က ဆိုပါတယ်။

ဒမတ်စကပ် မြို့တော် စစ်ရုံးချုပ်က အစည်းအဝေး ကို ဖောက်ခွဲရေး သမားက ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆီးရီးယား အစိုးရ ရုပ်သံ က ဆိုပါတယ်။

မနေ့က ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကို သူတို့ လက်ချက်လို့ ဆီးရီးယား လွတ်မြောက်ရေး သူပုန်တွေက ကြေညာ လိုက်ပေမယ့် အစ္စလာမ် အုပ်စု တစုကလဲ သူတို့ လက်ချက်လို့ ဆိုပြန် ပါတယ်။

ဆီးရီးယား ပဋိပက္ခ ကြီးမား လာတဲ့ အတွက် သမ္မတ အိုဘားမားနဲ့ ရုရှ သမ္မတ ပူတင်တို့ တယ်လီဖုန်း ဆက် ဆွေးနွေး ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောကြား ပါတယ်။

ဒါပေမယ့်လဲ အပစ်အခတ် အမြန် ရပ်စဲရေး အတွက် ၂ ဘက် ကွဲပြားမှု တွေ ကျန်နေ သေးတယ်လို့ ဆိုပါတယ်။

ဆီးရီးယားကို စစ်ရေး အရ စွက်ဖက်မှာကို ရုရှက လက်မခံကြောင်း ပြောကြား ခဲ့ပြီးနောက် ဆီးရီးယား အပေါ် ပိတ်ဆို့ အရေးယူဖို့ လုံခြုံရေး ကောင်စီမှာ မဲခွဲ ဆုံးဖြတ်မှာကို ကြာသပတေး နေ့အထိ နောက်ဆုတ် လိုက်ပါတယ်။

ဗုံးပေါက်ကွဲမှု ကြောင့် အစိုးရ ထိပ်တန်း ပုဂ္ဂိုလ် ၃ ယောက် သေဆုံးတယ်လို့ ဆီးရီးယား က ကြေညာ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ